“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မြန်မာပြည်သူများအတွက် The Buddhist Association of Yunnan Province မှ မြန်မာငွေ ၂၄၀၀ ကျော်နှင့် ညီမျှသည့် ယွမ်ငွေ(၆)သိန်းကျော်အားလှူဒါန်းခဲ့ကြောင်း သိရသည်။
မုန်တိုင်းဒဏ်သင့် ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလှူငွေများအား ဇွန် (၁) ရက်က ကူမင်းမြို့၊ Yuan Tong ဘုရားကျောင်း၌ ပေးအပ်လှူဒါန်းရာ မြန်မာကောင်စစ်ဝန်ချုပ်ဦးသော်တာအောင်မှ လက်ခံရယူကာ ကျေးဇူးတင်လွှာပြန်လည်ပေးအပ်ခဲ့သည်။
အလှူငွေ လှူဒါန်းခြင်းနှင့် ပတ်သက်၍ မြန်မာ ကောင်စစ်ဝန်ချုပ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

