ဗန်းမော်ဆရာတော်ကြီး၏အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကျင်းပရေးအတွက် နစက ဥက္ကဋ္ဌကသြဝါဒများခံယူ

0
454

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူရာမှ မေ ၂၅ ရက်ည ၁၁ နာရီ ၁၁ မိနစ်က ပျံလွန်တော်မူသွားခဲ့သည့် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ သက်တော်(၉၄)နှစ် ဝါတော်(၇၄)ဝါ ၏ရုပ်က လာပ်တော်အား နစက ဥက္ကဋ္ဌမှ မေ ၂၆ ရက်မွန်းလွဲပိုင်းက လာရောက် ကန်တော့ခဲ့သည်။

ထို့နောက် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပမည့် အခြေအနေများအား နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့၊မစိုးရိမ်တိုက်သစ် ပဓာန နာယကဆရာတော် အဂ္ဂမ ဟာပဏ္ဍိတ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ ထံလျှောက်ထားဆွေးနွေးခဲ့သည်။

ဗန်းမော်ဆရာတော်ကြီး၏ ကျောင်းသို့ရောက်ရှိနေသည့် ရန်ကုန်မြို့မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမ ဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ ဒေါက် တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့်ဆရာတော်၊သံဃာတော်များအားလည်း နစက ဥက္ကဋ္ဌကဖူးမြှော်ကြည်ညိုခဲ့သည်။

သန်လျင်မင်းကျောင်း ဆရာတော်ကြီးအား ဗန်းမော်ဆရာတော်ကြီး၏ အန္တိမ အဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပမည့်အခြေအနေများကို နစက ဥက္ကဋ္ဌမှတင်ပြလျှောက်ထားရင်း ဆရာတော်ကြီး၏ ဩဝါဒကိုခံယူခဲ့သည်။

ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာ ပနပူဇာသဘင်အခမ်းအနားအတွက် နစက ဥက္ကဋ္ဌ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးညိုစောနှင့်စစ်ရေးချုပ် ဒု-ဗိုလ် ချုပ်ကြီးစိုးမင်းဦးတို့က အလှူငွေများ ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက လက်ခံရယူခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here