“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်မှ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများပြန်လည်ပြုပြင်နေမှု ၆၀ ရာခိုင်နှုန်းခန့်ပြီးစီး

0
142

မေလ (၁၄) ရက်‌က ရခိုင်ကမ်းရိုးတန်းကိုဖြတ်ကျော် ဝင်ရောက်ကာ တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်မြို့နယ်အတွင်းရှိ မြို့နယ်အများစုတွင် လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ယင်းကဲ့သို့ ပျက်စီးမှုများအား တာဝန်ရှိသူများမှ ဦးဆောင်ကာ လျှပ်စစ်ဝန်ကြီးဌာန ဝန်ထမ်းများနှင့် ပြန်လည်ပြု ပြင်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြုပြင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရသေ့တောင် မြို့နယ်အတွင်းမှ ပျက်စီးမှုများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လျှပ်စစ်ဝန်ထမ်း (၆၀) ဦးမှ လမ်းများအလိုက် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများကို ပြန်လည်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သည်။

ယခုကဲ့သို့ ပြန်လည် ပြုပြင်နေမှု‌ကြောင့် ရသေ့တောင်မြို့နယ်အတွင်း၌ မကြာမီအချိန်အတွင်း လျှပ်စစ်ဓာတ်အားများကို ပုံမှန်အတိုင်းပြန်လည်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here