“ရော့ခ်အင်ရိုးလ် ဘုရင်မ” အသက် ၈၃ မှာ ကွယ်လွန်

0
185

“ရော့ခ်အင်ရိုးလ် ဘုရင်မ” လို့ တင်စားခေါ်ဝေါ်ရအောင် နာမည်ကြီးခဲ့တဲ့ ဂန္တဝင် အဆိုတော် တီနာ တန်နာ ဟာ အသက် ၈၃ နှစ် အရောက်မှာ အနိစ္စရောက်သွားပြီလို့ သိရပါတယ်။

တန်နာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကင်ဆာရောဂါနဲ့ ကျောက်ကပ် အစားထိုးရတာတွေအပါအဝင် ကျန်းမာရေး ပြဿနာများစွာကို ခံစားနေခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ ကမ္ဘာ့ နာမည်အကြီးဆုံး တစ်ကိုယ်တော် အနုပညာရှင်တွေ ထဲက တစ်ယောက်ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ ပေါ့ပ် အိုင်ကွန်လို့ သတ်မှတ်ခံရတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။

တန်နာဟာ သူ့ယောက်ျား အိုက်ခ်နဲ့ အတူ တွဲဆိုရင်း ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ စပြီး နာမည်ရလာခဲ့တာပါ။ ဒါပေမယ့် အိုက်ခ်နဲ့ လမ်းခွဲပြီးနောက် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တစ်ကိုယ်တော် အနုပညာရှင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာက သူ့ကို ပိုပြီး လူသိများ အောင်မြင်စေခဲ့ပါတယ်။ တန်နာဟာ စင်ပေါ်ရောက်ရင် အသံအား ကောင်းကောင်းနဲ့ တက်တက်ကြွကြွ ဖျော်ဖြေတတ်တဲ့ အမူအကျင့်တွေကြောင့် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။

တန်နာ ဆုံးပါးသွားကြောင်းကို အများသိရှိအောင် ကြေညာ ပေးသူ ဘာနက်ဒ် ဒိုဟာတီက “’ရော့ခ်အန်ရိုးလ် ဘုရင်မ’ တီနာ တန်နာ ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်ခ်မြို့ အနီး ခူ့နက်စ် မြို့က သူ့ရဲ့ နေအိမ်မှာ နှစ်အတော်ကြာ နာမကျန်းဒဏ် ခံစားခဲ့ရပြီးနောက် ဒီကနေ့ အသက်၈၃ နှစ်အရွယ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါပြီ“ ဆိုပြီး မေလ ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ရေးသားခဲ့ပါတယ်။

တန်နာဟာ ဂရမ်မီဆု ရှစ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ရော့ခ်အန်ရိုးလ် ဂီတအမျိုးအစားရဲ့ ဂန္တဝင်တစ်ယောက်အနေဖြင့် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here