EV ဆိုင်ကယ် ၁၉၂ စီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာ

0
588

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NCX Myanmar Co., Ltd မှ တင်သွင်းလာ‌သည့် EV ဆိုင်ကယ်များ မေ ၂၅ ရက်(ယနေ့)တွင် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

NCX Myanmar Co., Ltd မှ Wuyang Honda အမျိုးအစား လျှပ်စစ်သုံးဆိုင်ကယ် ၁၉၂ စီးအား တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်း ဆိုင်ကယ်များအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသည့် EV ဆိုင်ကယ်များအား တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here