တရုတ်ဟက်ကာအဖွဲ့ ဗို့ တိုင်ဖွန်းသည် အမေရိက၏ အလွန်အရေးပါသော အခြေခံအဆောက်အဦများအား ပစ်မှတ်ထား ထောက်လှမ်းလျက်ရှိ – မိုက်ခရိုဆော့ဖ်

0
162

တရုတ်အစိုးရက ထောက်ပံ့ထားသော ဟက်ကာအဖွဲ့ “ဗို့ တိုင်ဖွန်း” သည် အနည်းဆုံး ၂၀၂၁ ခုနှစ် အလယ်ပိုင်းမှစတင်၍ အမေရိကန်နိုင်ငံ တစ်ဝန်းရှိ အလွန်အရေးပါသော အခြေခံအဆောက်အဦဆိုင်ရာ အဖွဲ့အစည်းများကို ပစ်မှတ်ထား ထောက်လှမ်းနေခဲ့ကြောင်း မိုက်ခရိုဆော့ဖ်က ထုတ်ပြန်သည့် သတိပေးချက်တွင် ဖော်ပြထားသည်။

မိုက်ခရိုဆော့ဖ်နှင့် အနောက်တိုင်းထောက်လှမ်းရေး အေဂျင်စီများက ၎င်းတို့သည် ဆယ်သွယ်ရေးမှ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာကျသော နေရာများအထိ ထောက်လှမ်းမှုများ ပြုလုပ်နေသော ဟက်ကာအဖွဲ့ကို ခြေရာခံလိုက်နေကြာင်း မေလ ၂၄ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ဟက်ကာအဖွဲ့သည် အမေရိက၏ ပိုင်နက်ဖြစ်သော ဂွမ်ကျွန်းကိုပါ ပစ်မှတ်ထား ထောက်လှမ်းနေသည်ဟု မိုက်ခရိုဆော့ဖ်က ဖော်ပြထားသည်။ ဂွမ်ကျွန်းသည် အာရှ-ပစိဖိတ်ဒေသတွင်း ဖြစ်ပျက်သမျှ ပဋိပက္ခများကို တုံ့ပြန်ရာတွင် အဓိကျသည့် မဟာဗျူဟာအရ အရေးပါသော အမေရိကန်စစ်အခြေစခန်းများ တည်ရှိရာ နေရာဖြစ်သည်။

မိုက်ခရိုဆော့ဖ်က အဆိုပါ တိုက်ခိုက်မှုမျာအား လျော့နည်းအောင် လုပ်ဆောင်ခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်းကိုပါ ထည့်သွင်း ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် အမေရိကန် လုံခြုံရေး အေဂျင်စီ (NSA) သည် ကနေဒါ၊ နူးဇီလန်၊ ဩစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့ အပါအဝင် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုနှင့်ပါ ပူးပေါင်းကာ ဟက်ခံရသည့်နေရာများကို ဖော်ထုတ်နေကြောင်း ရိုက်တာသတင်းဌာနက ပြောလာခဲ့သည်။

တရုတ်နှင့် အမေရိကတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ထောက်လှမ်းမှုများ ပြုလုပ်လေ့ရှိသော်လည်း အထက်ပါဖြစ်ရပ်သည် အမေရိက၏ အလွန်အရေးပါသော အခြေခံအ‌ဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်သည့် အကြီးမားဆုံး ဆိုက်ဘာထောက်လှမ်းမှုများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

Source: ဝီယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here