ကမ္ဘောဒီးယား၌ သိပ္ပံနည်းပညာတက္ကသိုလ်တစ်ခု တည်ဆောက်ရန် တရုတ်စီစဉ်နေ

0
129

ဖနွမ်းပင်၊မေ ၂၅

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၌ သိပ္ပံနည်းပညာတက္ကသိုလ်တစ်ခုတည်ဆောက်ရန် စီစဉ်နေကြောင်းသိရှိရသည်။

အဆိုပါတက္ကသိုလ်သည် နှစ်နိုင်ငံလုံးအတွက် သိပ္ပံပညာနှင့်အတွေ့အကြုံများကို ပိုမိုကောင်းမွန်စွာဖလှယ်နိုင်စေရန်နှင့် သုတေသနနည်းပညာများ တိုးမြှင့်ရန် အခွင့်အလမ်းတစ်ခုပေးလိမ့်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

တက္ကသိုလ်တည်‌ဆောက်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌက ကမ္ဘောဒီးယား – တရုတ် ဆက်ဆံရေးနှင့်ပတ်သက်၍ အလေးပေးပြောကြားခဲ့ပြီးကမ္ဘောဒီးယားနိုင်ငံ၏ ကဏ္ဍအားလုံး၌ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း အလေးအနက်ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဘက်မှလည်း တရုတ်နိုင်ငံ၏ရည်ရွယ်ချက်ကိုထောက်ခံခဲ့ပြီး အသေးစိတ်အချက်အလက်များအား ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနနှင့်ဆွေးနွေးရန်အကြံပြုခဲ့သည်ဟုသိရသည်။

ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားပါကြောင်းနှင့် အထူးသဖြင့် တရုတ်သမ္မတရှီ၏ BRI မှတစ်ဆင့် နှစ်နိုင်ငံလုံးသည် ၎င်းတို့၏ဘက်စုံပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် သိသိသာသာ ပံ့ပိုးကူညီခဲ့ကြသည်ဟုလည်းအလေးပေးပြောကြားခဲ့သည်။

Source :AKP


LEAVE A REPLY

Please enter your comment!
Please enter your name here