Wednesday, April 22, 2026

ပြည်သူ့အသံကို အလေးထားပြီး ကျေးလက်စီးပွား မြှင့်တင်ရန်...

ယမန်နေ့ ​ဧပြီလ (၂၁) ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း...

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်တာဝန်ပေး

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်သမ္မတရုံးတို့အား အ မျိုးသားလုံခြုံရေးဆိုင်ရာများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက်ခန်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ ဒု...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ကိုဆွေးနွေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ ဒု -ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew...

မြဝတီမြို့၌ FDA ခွင့်ပြုချက်မရှိသော စားသောက်ကုန်များနှင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စျေးများနှင့် ရပ်ကွက်အတွင်းရှိ စျေးဆိုင်များမှသိမ်းဆည်းရမိသော FDA ခွင့်ပြုချက်မရှိသည့် စားသောက်ကုန်များနှင့် သက်တမ်းလွန်စာသောက်ကုန်များကို ဧပြီ ၂၁ ရက်က မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း...
HomeInternationalAI တီထွင်သူများအနေဖြင့် အသိဉာဏ်နှင့်ပတ်သက်၍လေ့လာမှုများပြုလုပ်ရန်...

AI တီထွင်သူများအနေဖြင့် အသိဉာဏ်နှင့်ပတ်သက်၍လေ့လာမှုများပြုလုပ်ရန် ကမ္ဘာတစ်ဝန်းမှ ပညာရှင်များက သတိပေးလိုက်ခြင်း

AI စနစ်တွေပိုမိုအဆင့်မြင့်လာတာနှင့်အမျှ AI နည်းပညာတီထွင်သူတွေအနေဖြင့် အသိဉာဏ်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေပိုမိုပြုလုပ်သွားဖို့ ကမ္ဘာတစ်ဝန်းမှပညာရှင်ပေါင်းများစွာက အိတ်ဖွင့်စာ တစ်စောင်မှာ လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ပါတယ်။

လူသားအဆင့်အသိဉာဏ်ရှိပြီး ခံစားချက်ရှိတဲ့ AI စနစ်တွေကို သိပ္ပံစိတ်ကူးယဉ်နယ်ပယ် အဆင့်အနေနဲ့သာမဟုတ်တော့ဘဲ မကြာခင်မှာ တွေ့မြင်လာရတော့မယ်လို့ ကျွမ်းကျင်ပညာရှင်များက တစ်ညီတစ်ညွတ်တည်း လက်ခံထားပါတယ်။

AI ဆိုတဲ့ဝေါဟာရဟာ သာမန်အားဖြင့် လူ့အသိဉာဏ်နဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်စွမ်းရှိတဲ့ ကွန်ပျူတာစနစ်တစ်မျိုးပဲဖြစ်ပါတယ်။ ဆိုလိုတာက လူသားတွေရဲ့ဉာဏ်ရည်နဲ့ ဆုံးဖြတ်တွက်ချက်ပေးရတဲ့ အလုပ်တွေကို လူသားတွေအတိုင်း လုပ်ဆောင်ပေးနိုင်စွမ်းရှိတဲ့ ကွန်ပျူတာစနစ်တစ်မျိုးပါပဲ။ ဒီလိုစနစ်တွေထဲမှာ မေးလိုက်တဲ့ မေးခွန်းတွေကို လူသားတစ်ဦးလိုနားလည်စွမ်းရှိပြီး အဖြေပြန်ပေးနိုင်စွမ်းရှိတဲ့ Chatbot တွေအပြင် ဓာတ်ပုံတွေထဲမှာပါတဲ့ အရာဝတ္ထုတွေကို မှတ်မိနိုင်စွမ်းရှိတဲ့ စနစ်တွေလည်းပါဝင်ပါတယ်။

Open AI ရဲ့ Generative Pre-trained Transformer 4 (GPT-4) မှာ အမှားအယွင်းအချို့နဲ့ အချက်အလက်အမှားမျှဝေနေတာတွေရှိနေပေမည့်လည်း ရှေ့နေအရည်အချင်းစစ်စာမေးပွဲကို အခုဆိုရင် အောင်မြင်စွာဖြေဆိုနိုင်ပြီဖြစ်ပါတယ်။

ဒီလိုစာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်တယ်ဆိုတာကတော့ AI ရဲ့စွမ်းဆောင်ရည်တွေထဲကတစ်ခုပဲရှိပါသေးတယ်။ AI အသုံးပြုထားတဲ့ဆော့ဖ်ဝဲတွေကို ဘဏ္ဍာရေး၊ ဈေးကွက်ရှာဖွေရေးနဲ့ ကျန်းမာရေး ဆိုင်ရာသုတေသနလုပ်ငန်းတွေအပါအဝင် အခြားကဏ္ဍတွေမှာလည်း အသုံးပြုနေပြီဖြစ်ပါတယ်။

မကြာသေးမီကပဲ Elon Musk က AI နဲ့ပတ်သက်ပြီး ထိထိရောက်ရောက်နဲ့ ဘေးကင်း လုံခြုံစိတ်ချရတဲ့စနစ်တွေ ရေးဆွဲအကောင်အထည် ဖော်နိုင်တဲ့အချိန်ရောက်တဲ့အထိ AI တီထွင်မှုတွေကို ခဏ ရပ်တန့်ထားသင့်တယ်လို့ ဆိုခဲ့ပါတယ်။

Musk ရဲ့ ဇနီးဟောင်း Tallulah Riley ကလည်း Artificial General Intelligence(AGI) နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လူတွေကိုအသိပညာပေးတာမျိုးတွေလုပ်သင့်တယ်လို့ တွစ်တာ မှာရေးသားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေနဲ့ ဒဿနိကပညာရှင်တွေပါဝင်တဲ့ Association for Mathematical Consciousness Science (AMCS) အဖွဲ့အစည်းကလည်း AI ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ အသိဉာဏ် ဆိုင်ရာသုတေသနတွေလုပ်ဖို့ လိုအပ်ကြောင်း အိတ်ဖွင့်စာတစ်စောင်ရေးသားခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ AI တီထွင်မှုတွေကို ရပ်ထားဖို့ဆိုတာနဲ့ပတ်သက်တဲ့အမြင်မျိုးတော့မပါရှိပါဘူး။

ဒါပေမည့် ဒီလိုအိတ်ဖွင့်စာဟာ အသိဉာဏ်ရည်ကိုသိပ္ပံနည်းကျပိုမိုနားလည်စေဖို့နဲ့ AI ကိုအသုံးချပြီး လူ့အဖွဲ့အစည်းတွေနဲ့ ဘယ်လိုမျိုးယှဉ်တွဲပြီးနေထိုင်မလဲဆိုတဲ့ အချက်တွေကိုဖြစ်လာစေပါတယ်။ နောက်ပြီး AI နည်းပညာအလျင်အဟုန်တိုးတက်လာခြင်းက အသိဉာဏ် သိပ္ပံနယ်ပယ်မှာ အရှိန်အဟုန်မြှင့်ပြီး သုတေသနပြုလုပ်ဖို့လိုအပ်နေပြီလို့ ဒီစာကညွှန်းဆိုနေပါတယ်။

မနှစ်တုန်းက Google ရဲ့ အင်ဂျင်နီယာတစ်ယောက်ဟာ AI စနစ်မှာ အသိဉာဏ် အာရုံခံနိုင်စွမ်းရှိနေပြီလို့ထုတ်ဖော်ပြောဆိုမိတာကြောင့် အလုပ်ထုတ်ခံခဲ့ရပါတယ်။

ChatGPT နဲ့ပြိုင်ဘက် Google Bard ဟာ ခံစားမှုတွေကိုဖော်ထုတ်ပြသနိုင်နေပြီလို့ Blake Lemoine ကရေးသားထားပါတယ်။

Bard မှာ လူသားတွေပြုမူဆက်သွယ်တဲ့ပုံစံအတိုင်း အတိအကျအလုပ် လုပ်စေမည့်ပရိုဂရမ်ကို ရေးသားထားတဲ့ Lamda Language ကို Google က ပြုပြင်ထားပါတယ်။

ဒါပေမည့် မကြာသေးမီကပဲ Google ရဲ့သူဌေးဖြစ်သူ Sundar Pichai က “Bard ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သူ အပြည့်အဝနားမလည်ဘူး” လို့ CBS သတင်းဌာနကိုပြောခဲ့ပါတယ်။

ဒါ့အပြင် လူ့စိတ်ဆိုတာကိုလည်း အပြည့်အဝနားလည်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့် Association for Mathematical Consciousness Science (AMCS) အဖွဲ့အစည်းက အသိဉာဏ်နဲ့ ပတ်သက်ပြီးသုတေသနတွေ ပိုပြီးပြုလုပ်ဖို့တောင်းဆိုခဲ့တာလို့ Pichai က ထပ်လောင်းပြောခဲ့ပါတယ်။

လူသားတွေအနေနဲ့ကတော့ AI နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာတွေ၊ ထိတ်လန့်စရာတွေ ကြုံတွေ့ရပေမည့်လည်း ဒီနည်းပညာဟာနောက်ဆုံးပေါ်နည်းပညာဖြစ်တာကြောင့် AI နဲ့ပတ်သက်တဲ့ စီမံကိန်းတွေမှာတော့ ငွေကြေးမြောက်များစွာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။ ဥပမာပြရရင်တော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းကမှ ထွက်လာတဲ့ AI ChatGPT ဟာလူကြိုက်များရေးပန်းစားနေဆဲဖြစ်ပါတယ်။

AI ဟာ အင်တာနက်ကိုအသုံးပြုပြီး လူတစ်ယောက်ကပြန်ဖြေသလိုမျိုး မေးခွန်းတွေကို ပြန်ဖြေပေးနိုင်ပါတယ်။ Microsoft ကုမ္ပဏီအနေ့နဲ့ AI ကိုအသုံးပြုပြီး နေ့စဉ်ဆောင်ရွက်နေရတဲ့ ပျင်းရိငြီးငွေ့ဖွယ်ရုံးလုပ်ငန်းတွေ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ဖို့အတွက် Open AI မှာ ငွေကြေးရင်းနှီး မြှုပ်နှံမှုတွေလုပ်ထားပါတယ်။

AI နည်းပညာဟာ လူသားတွေအချိန်ပြည့်လုပ်ဆောင်ရတဲ့အလုပ်ပေါင်း သန်း ၃၀၀ ခန့်မှာ အစားထိုးဆောင်ရွက်ပေးနိုင်တော့မယ်လို့ အစီရင်ခံစာတစ်ခုမှာရေးသားထားပါတယ်။

AI လုပ်ငန်းတွေက လူသားတွေကို အလုပ်အကိုင်အသစ်တွေဖန်တီးပေးသွားဦးမှာဖြစ်ပေမည့် အဲ့ဒီအလုပ်အကိုင်တွေရဖို့အတွက်ကတော့ လူသားတွေအနေနဲ့ ကျွမ်းကျင်မှုအသစ်တွေ လေ့လာဖို့လိုအပ်နေဦးမှာဖြစ်ပါတယ်။

Ref:AI creators must study consciousness, experts warn (msn.com)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့အသံကို အလေးထားပြီး ကျေးလက်စီးပွား မြှင့်တင်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် လမ်းညွှန်​​ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူ ထု၏ အသံကို အလေးထားဖြည့်ဆည်းပေးရန်နှင့် ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို အလေး ထား အကောင်အထည်ဖော်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုက်တွန်းပြောကြားသည်။

ယမန်နေ့ ​ဧပြီလ (၂၁) ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ​တိုင်းဒေသကြီးအတွင်း လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်သူများဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအဓိကပံ့ပိုးပေးရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ထို့အပြင် သီးနှံများဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် နည်းလမ်းစုံဖြင့် ကူညီရန်၊ ​ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးပြီး သဘာဝမြေဩဇာကို ဈေးကွက်အ တွင်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး ဆောင်ရွက်ရန်၊ အထွက်နှုန်းနည်းသည့် သဲဆန်ကုန်းကြောမြေများတွင် စပါးမျိုးပြောင်းလဲခြင်းနှင့် မြေယာပြုပြင်ခြင်းများ...

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်တာဝန်ပေး

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်သမ္မတရုံးတို့အား အ မျိုးသားလုံခြုံရေးဆိုင်ရာများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက်ခန်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၄၇ / ၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ ၂၂ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ ဒု -ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ကိုဆွေးနွေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ ဒု -ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew တို့ ယနေ့ ဧပြီ ၂၂ ရက်နံ နက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သံတမန်ဆက်ဆံမှုများရှည်ကြာကောင်းမွန်လျက်ရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများပပျောက်ရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များလျှော့ချနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသကုန်သွယ်မှုများမြှင့်တင်နိုင်ရေးအတွက် ကုန်သွယ်မှုလမ်းကြောင်းများပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးနောက် ပြည်သူများကရွေးချယ်သည့် အစိုးရအဖွဲ့မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071