မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ကိုဆွေးနွေး
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
နှင့် ထိုင်းနိုင်ငံ၊ ဒု -ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew တို့ ယနေ့ ဧပြီ ၂၂ ရက်နံ နက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သံတမန်ဆက်ဆံမှုများရှည်ကြာကောင်းမွန်လျက်ရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများပပျောက်ရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များလျှော့ချနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသကုန်သွယ်မှုများမြှင့်တင်နိုင်ရေးအတွက် ကုန်သွယ်မှုလမ်းကြောင်းများပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးနောက် ပြည်သူများကရွေးချယ်သည့် အစိုးရအဖွဲ့မှ နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းလျက်ရှိမှု၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ငြိမ်း ချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရေးအတွက်ဖိတ်ခေါ်ထားရှိမှု၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံမှပါဝင်ကူညီဆောင်ရွက်ပေးသွားမည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ပါ အချက်များတွင်ပါဝင်သည့် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာများ၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် အခြားအချက်များကို အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်နှီးမြှုပ်နှံမှု၊ လျှပ် စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်တို့ကိုလည်း ဆွေး နွေးခဲ့ကြသည်။
