သရုပ်ဆောင်ဘေဘီမောင်ဟာ ရခိုင်လေဘေးသင့်ပြည်သူများအတွက် အလှူငွေများအပြင် ကျပ်သိန်း ၅၀ တန်ဖိုးရှိစပန့်ဝမ်းဆက်များဂါဝန်များဟူဒီများအား အလိုတော်ပြည့်ကျောင်း ဆရာတော် အရှင်ကုမာရထံကိုသွားရောက်ကာလှူဒါန်းသွားမှာဖြစ်ကြောင်းသိရပါတယ်။
အခုလိုလှူဒါန်းမှုနဲ့ပတ်သက်ပြီး ဘေဘီမောင်က
” ရခိုင်ပြည်နယ်မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်လိုအပ်သောနေရာများအတွက်လှူရန် အလှူငွေ ၅သိန်းနဲ့ ဘေဘီရောင်းဖို့သိမ်းထားတဲ့စပန့်ဝမ်းဆက်တွေ ဂါဝန်တွေ ဟူဒီအင်္ကျီလေးတွေတန်ဖိုးသိန်း၅၀ဖိုးကို အလိုတော်ပြည့်ကျောင်းဆရာတော်Ashin kumaraထံအားသွားရောက်လှူဒါန်းပါမယ် ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။


