Monday, December 15, 2025

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း...

နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်...

ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် နိုင်ငံသားစိစစ်‌ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မဲဆန္ဒရှင်ပြည်သူများအား နှိုးဆော်အသိပေးနိုင်ရန် နိုင်ငံရေးပါတီများသို့ ပြည်ထောင်စုကော်မရှင်က...
HomeInternationalတောင်အာဖရိကရှိ ကမ္ဘာ့အထူးဆန်းဆုံး အားကစားရုံ

တောင်အာဖရိကရှိ ကမ္ဘာ့အထူးဆန်းဆုံး အားကစားရုံ

တောင်ဖရိကနိုင်ငံမှာရှိတဲ့ မာဘတ်တို အားကစားရုံဟာ သူ့ရဲ့ တမူထူးခြားတဲ့ ဒီဇိုင်းအပြင် ကစားကွင်းဘက်ကို မျက်နှာမူမနေတဲ့ မြင့်မားတဲ့ ပွဲကြည့်စဉ်တွေကြောင့် နာမည်ကျော်ကြားပါတယ်။

၁၉၈၁ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး ဂျိုဟန်နက်စ်ဘ်မြို့နဲ့ မိုင် ၁၈၆ အကွာမှာ တည်ရှိပါတယ်။ ခုံပေါင်း ၅၉,၀၀ ပါရှိပြီး တောင်အာဖရိကရဲ့ ငါးခုမြောက် အကြီးဆုံး ဘောလုံးကွင်းဖြစ်ပေမယ့် ဒီဘက်ခေတ်မှာတော့ အဲဒီမှာ ကျင်းပတဲ့ ကစားပွဲတွေဟာ မရှိသလောက်ကို နည်းသွားပါပြီ။

အကြောင်းအရင်းကတော့ ဒီဇိုင်းဆွဲပေးတဲ့ အစ္စရေး ဗိသုကာပညာရှင် အစ္စရယ် ဂွတ်ဒိုဗစ်ချ် နဲ့ အင်ဂျင်နီယာ ဘန် အေဗရာဟန် တို့ဟာ မာဘတ်တို ကို အခြားဘောလုံးကွင်းထက် ကွဲပြားနေအောင် လုပ်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဘယ်ပွဲစီစဉ်သူကမှ မသုံးချင်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အဓိက အားနည်းချက်က အချို့ပွဲကြည့်စဉ်တွေဟာ ကွင်းဘက်ကို မျက်နှာမူ မနေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေဟာ ပွဲကြည့်တဲ့အခါ လည်စောင်းပြီး ကြည့်ရတော့ ဒီကွင်းဟာ ဘောလုံးပွဲတွေ ကျင်းပဖို့အတွက် အဆင်မပြေမှန်း နားလည်လာကြပါတယ်။

ဒီအချက်တွေကြောင့်ပဲ ၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မာဘတ်တိုကို တရားဝင် ကစားပွဲတွေအတွက်ရော လေ့ကျင်းရေးကွင်းအနေနဲ့ပါ အသုံးမပြုခဲ့ပါဘူး။

ဒါပေမယ့် မာဘတ်တိုဟာ အခုအချိန်ထိ နာမည်ဆိုးရော နာမည်ကောင်းနဲ့ပါ ကျော်ကြားဆဲဖြစ်ပါတယ်။ တချို့က သူရဲ့ လက်တွေ့မဆန်တဲ့ ဒီဇိုင်းကို အပြစ်ဖို့နေပေမယ့် အချို့ကတော့ မာဘတ်တိုကို အနုပညာလက်ရာတစ်ခုဆိုပြီး ချီးကျူးကြပါတယ်။

ဒီနေ့ခေတ်မှာတော့ မာဘတ်တို ကို ပရဟိတပွဲတွေနဲ့ အာဖရိက ဘောလုံးအသင်းတွေကြား အခကြေးငွေမယူဘဲ ဆော့ကစားပေးတဲ့ ပွဲတွေအတွက်သာ တစ်ခါတစ်ရံ အသုံးပြုပါတော့တယ်။

Source: Odditycentral

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၄ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာ တော်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ဆရာတော်တို့အမှူးပြုသော ဆရာတော်၊ သံ ဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၅၄)ပါးတို့အား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071