စတူဒီယိုခေတ်ဦးမှာနာမည်ရခဲ့တဲ့
Superstar band ပီတာဘသိန်း
အဆိုတော်သန်းသန်းနွယ်တို့၏မိခင်
ဘီတီဘရားသားဦးဘသိန်း (ကွယ်လွန်) ၏ဇနီး ဒေါ်တင်တင်ကြည် သည် မေ၁၄ရက်နေ့ကအာရှတော်ဝင်ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
တေးသံရှင် ပီတာဘသိန်း က ငယ်ရွယ်စဉ်ကတည်းကဒရမ်တီးတာကိုရူးသွပ်ခဲ့သူတစ်ဦးဖြစ်ပြီး တေးသံရှင် ပလေးဘွိုင်းသန်းနိုင် ရဲ့ band မှာဒရမ် လက်စွမ်းပြခဲ့သူတစ်ယောက်ဖြစ်သလို Superstar band ဖွဲ့စည်းကာ ဒရမ်ကိုဆက်လက်ရူးသွပ်ခဲ့ရင်းတေးသီချင်းများစွာလည်းသီဆိုခဲ့သူဖြစ်ပါတယ်။
