Monday, June 15, 2026

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊...

ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP...

ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant...

ဗြိတိန်မှာ အသက် ၁၆ နှစ်အောက်...

ဗြိတိန်မှာ ၂၀၂၇ ခုနှစ် နွေဦးကစပြီး အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်ပင်တားမြစ်တော့မယ်လို့ ဝန်ကြီးချုပ် ခီယာ...

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

ပေကျင်း၊ ဇွန် ၁၅ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅...
HomeInternationalတိုက်ခန်းပိုင်ရန် သမီးအရင်းကို လုပ်ကြံဖို့...

တိုက်ခန်းပိုင်ရန် သမီးအရင်းကို လုပ်ကြံဖို့ လူသတ်သမားငှားရမ်းခဲ့သူ

မကြာသေးမီကပဲ ရုရှားနိုင်ငံမှာ အမေရင်းက သမီးရင်းကို သတ်ဖို့အတွက် လူသတ်မားငှားရမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ ကရာစနော့ယှက်ခ်မြို့က အသက် ၆၇ နှစ်အရွယ် အမျိုးသမီးဟာ အသက် ၄၈ နှစ်အရွယ် သမီးဆီကနေ တိုက်ခန်းရယူနိုင်ဖို့အတွက် လူသတ်သမား ငှားရမ်းဖို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောဆိုချက်အရ အဲဒီ ပင်စင်စား မိခင်ဟာ သူ့သမီးကို သတ်ချင်တဲ့အကြောင်း ဒေသခံအသိတစ်ယောက်ဆီ ပြောပြခဲ့ပါတယ်။ အဲဒီအသိကပဲ ထိုက်သင့်တဲ့ ငွေပေးရင် ကိစ္စရှင်းပေးတဲ့ လူသတ်သမားကို သိတယ်ဆိုပြီး သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့တယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်မှာ မိခင်ဖြစ်သူနဲ့ လူသတ်သမားတို့ဟာ ကရာစနော့ယှက်ခ်မြို့၊ အိုဒက်ကာယာ လမ်းပေါ်က ပန်းခြံမှာ တွေ့ဆုံခဲ့ပြီး သတ်ရမယ့်သူနဲ့ ဘယ်လိုပုံစံနဲ့ လူသတ်မှု ကျူးလွန်ရမယ်ဆိုတာကို အသေးစိတ် ဆွေးနွေးခဲ့ကြတယ်။ မိခင်ဖြစ်သူဟာ သူ့သမီးကို သတ်ပေးဖို့အတွက် ဒေါ်လာ ၁၀၄၀ ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်လို့ သိရတယ်။

ဒါပေမယ့် အဲဒီလူဟာ လူမသတ်ဘဲ ဖြစ်စဉ်အကြောင်း အလုံးစုံကို ရဲစခန်းဆီသွားပြီး ဖွင့်ချလိုက်တယ်။ ရဲတွေကလည်း သက်သေခိုင်မာအောင်လို့ အဲဒီလူကို သရုပ်ဆက်ဆောင်ခိုင်းပြီး လူသတ်မှုအတု တစ်ခုကို ကူညီပြုလုပ်ပေးခဲ့တယ်။ ရဲတွေဟာ သမီးဖြစ်သူကိုပါ သူ့အမေရဲ့ လုပ်ရပ်အကြောင်း ပြောပြပြီး ပိုက်ဆံအိတ်တစ်လုံးကိုလည်း လူသတ်မှုအတု ပြုလုပ်ရာမှာ သုံးဖို့အတွက် တောင်းခဲ့တယ်။

မေလ ၃ ရက်နေ့မှာတော့ လူသတ်သမားဟာ ရုရှားစုံစမ်းစစ်ဆေးသူတွေရဲ့ ကြီးကြပ်မှုနဲ့ မိခင်ဖြစ်သူထံ လူသတ်မှုပြီးစီးကြောင်းကို အကြောင်းကြားခဲ့ပြီး သူ့သမီးရဲ့ အိတ်ကိုလည်း သက်သေအနေနဲ့ ပို့ခဲ့တယ်။ အဲဒီနေ့မှာပဲ မိခင်ဖြစ်သူဟာ သူငှားထားတဲ့ လူသတ်သမားရဲ့ ဘဏ်အကောင့်ဆီ ဒေါ်လာ ၁၀၄၀ လွှဲခဲ့တယ်။

အဲဒီလိုနဲ့ သက်သေစုံသွားတဲ့ ရဲတပ်ဖွဲ့ဟာ အဲဒီအမျိုးသမီးကို လူသတ်မှု ကျူးလွန်ရန် ပြင်ဆင်မှုနဲ့ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Source: Odditycentral

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင် ဒေသခံ (၂,၀၀၀) နီးပါးကိုကွင်းဆင်းကုသပေးခဲ့

​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြည်မြို့သို့ ကွင်းဆင်း၍ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ​ယခု ကွင်းဆင်းကုသမှုတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်မှ လာရောက်ပြသသည့် ပြည်သူများကိုပါ ကုသပေးခဲ့ခြင်းဖြစ်  ကြောင်း သိရသည်။ အဆိုပါ ​နှစ်ရက်တာကာလအတွင်းအထူးကုအဖွဲ့အနေဖြင့်​အထွေထွေရောဂါလူနာ (၄၅၆) ဦး၊...

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ကျောင်းသား ၇၀၀၀ ကျော် ဝင်ရောက်ဖြေဆို မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်တွင် စာစစ်ဌာန ၂၆ ခုဖြင့် ဇွန် ၁၅ရက်မှစတင်၍ Placement Test အထူးအစီအစဉ်ကို ဆောင်ရွက် လျက်ရှိနေသည်။

ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊ Grade-2တွင် ၁၅၄၆ ဦး၊ Grade-3တွင် ၁၅၉၀ ၊ Grade-4တွင် ၁၃၆၅ ဦး၊ Grade-5 တွင် ၉၅၁ ဦး၊ Grade-6 တွင် ၆၈၀ ၊ Grade-7တွင် ၅၀၄ဦးနှင့် Grade-8 တွင် ၂၄၁ ဦး  ဖြေဆိုခဲ့ကြသည်။ Placement test သည်...

ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP Myanmar ၏ Grant လျှောက်ထားမှုဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲများ ညောင်ရွှေနှင့် ကလောမြို့နယ်တို့တွင် ကျင်းပမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant လျှောက်ထားမှု စွမ်းရည်မြှင့်တင်ရေးနှင့် UNDP Myanmar က ပေးအပ်မည့် Grant များ လျှောက်ထားခြင်းဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲ သုံးခု ကို ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ဇူလိုင်လအတွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြိုအလုပ်ရုံဆွေးနွေးပွဲတွင် အဓိကအစီအစဉ်များအနေဖြင့် Grant လျှောက်ထားမှု စွမ်းရည်မြှင့်တင်ပေးခြင်း၊ လျှောက်ထားရန် လိုအပ်ချက်များနှင့် လျှောက်ထားပုံ အဆင့်ဆင့်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071