အထူးဆုတစ်ဆုဖြစ်သည့် ၂၀၂၀ ပြည့်နှစ်အတွက်အကောင်းဆုံးဝတ်စားဆင်ယင်ထုံးဖွဲ့မှုဆုကို ဌေးဌေးတင်နှင့်အဖွဲ့(ကမ္မဖလ) ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ငြိမ်းမင်း(အညာသားငမိုး)က ဇာတ်ညွှန်းရေးသားပြီး သရုပ်ဆောင်များအဖြစ် ပြေတီဦး၊ မင်းမော်ကွန်း၊ ဇင်ဝိုင်း၊ ရန်ကျော်၊ စိုးရန်အောင်၊ စိုးသီဟ၊ မိုးဟေကို၊ စိုးပြည့်သဇင်၊ အေးမြတ်သူ အပါအဝင် ဝါရင့်အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားသည်ကို တွေ့ရသည်။
ယင်းအပြင် အဆိုပါ ဇာတ်ကားမှ ဒါရိုက်တာပန်းချီစိုးမိုးကိုလည်း အကယ်ဒမီခန့်မှန်းထားကြသည်။
