မနီလာ၊ဧပြီ ၂၁
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်သော ၂၀၂၃ ခုနှစ်အတွက် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ခန့်မှန်းချက်၌ ဖိလစ်ပိုင်သည် အာရှတွင်ပထမရကြောင်း သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ဧပြီ ၂၀ ရက်တွင်ကြေငြာခဲ့သည်။
World Economic Outlook ၏နောက်ဆုံးအစီရင်ခံစာ၌ IMF သည် ဖိလစ်ပိုင်၏ ၂၀၂၃ ဂျီဒိပီ တိုးတက်မှုအား ဇန်နဝါရီလက ၅ ရာခိုင်နှုန်းအဖြစ်ခန့်မှန်းခဲ့ရာမှ နောက်ပိုင်းတွင် ၆ ရာခိုင်နှုန်းသို့မြှင့်တင်ခဲ့သည်ဟုသိရသည်။
အဆိုပါအစီရင်ခံစာအရ ဖိလစ်ပိုင်၏ GDP တိုးတက်မှုသည် အခြားအာရှနိုင်ငံများအား ကျော်လွန်သွားခဲ့ကြောင်းသိရှိရသည်။ဖိလစ်ပိုင်၏နောက်၌ အိန္ဒိယနှင့်ဗီယက်နမ်တို့က ၅ ဒသမ ၉ နှင့် ၅ ဒသမ ၈ ရာခိုင်နှုန်းများဖြင့် ဒုတိယနှင့်တတိယနေရာများတွင်ရပ်တည်နေကြသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ GDP သည် ၅ ဒသမ ၂ ရာခိုင်နှုန်း၊အင်ဒိုနီးရှားတွင် ၅ ရာခိုင်နှုန်း၊ မလေးရှားတွင် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံမှ ၃ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးတိုးတက်သည်ဟုသိရသည်။
ယခုအစီရင်ခံစာနှင့်အတူ သမ္မတမားကို့စ်က နိုင်ငံ၏စီးပွားရေးကိုမြှင့်တင်ရန် အစိုးရအနေဖြင့် ပိုမိုကြိုးစားလုပ်ဆောင်မည်ဟုလည်း ကတိပြုခဲ့သည်။
Source : ပီတီဗွီ
