Wednesday, December 17, 2025

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း...
HomeNewsLocal Newsပြည်ထောင်စုတစ်ခု၏ အသက်သည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်

ပြည်ထောင်စုတစ်ခု၏ အသက်သည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်

ဧပြီ ၁၇ ရက်(ယနေ့-မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊တန်ခူးလပြည့်ကျော် ၁၃ ရက်)၌ကျရောက်သည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နစက ဥက္ကဋ္ဌ၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နှစ်ဟောင်းတွင် ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုပေါင်းများစွာအား ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်ခံယူချက်အတိုင်း ပြည်ထောင်စုသားအားလုံးတစ်ဦးကိုတစ်ဦး အားပေးကူညီရိုင်းပင်းပြီး ကျော်လွှားနိုင်ခဲ့ကာ လက်ရှိဖြတ်သန်းရမည့် ၁၃၈၅ ခုနှစ် တစ်နှစ်တာကာလကိုလည်း ယခင်နှစ်ကထက် မလျော့သောညီညွတ်မှု၊စုစည်းမှုစွမ်းပကားဖြင့် ဖြတ်သန်းနိုင်မည်ကို ယုံကြည်သည်”ဟု ပြောကြားခဲ့သည်။

အနာဂတ်ကာလတွင် နိုင်ငံသားတိုင်း ကျန်းမာရေးအရ ဘေးကင်းလုံခြုံကောင်းမွန်သည့် ပတ်ဝန်းကျင်ဖြစ်စေရေး၊ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အထကောင်းများ ဖန်တီးပေးနိုင်ရန် ရေရှည်ရည်မှန်းချက်အနေဖြင့် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

“စားရေရိက္ခာဖူလုံဖို့ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အဓိကအသက်မွေးမြူရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အမျိုးသားရေးရည်မှန်းချက်အဖြစ်ချမှတ်ပြီး အားပေးမြှင့်တင်ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကြပ်အတည်းများရှိခဲ့ပြီး၂၀၂၂ ခုနှစ်တွင် ကုန်ထုတ်လုပ် မှုများကောင်းမွန်လာကာ နယ်စပ်ကုန်သွယ်မှုများကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်၍ လုပ်ငန်းများပြန်လည်လည်ပတ်လာနိုင်ရာ နိုင်ငံ၏စီးပွားရေးသည် အပေါင်း ၃ ရာခိုင်နှုန်းနီးပါးတိုးတက်လာခဲ့သည်ဟု ဆိုသည်။

စီးပွားရေးမြှင့်တင်မှုများဆောင်ရွက်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးသည့် MSME လုပ်ငန်းများကိုအားပေးဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“မိသားစုတစ်ခုရဲ့ အသက်ဟာ မိသားစုစိတ်ဓာတ်ဖြစ်သလို ပြည်ထောင်စုတစ်ခုရဲ့ အသက်ဟာလည်း ပြည်ထောင်စုစိတ်ဓာတ်ပဲဖြစ်ပါတယ်၊ ပြည်ထောင်စုရဲ့ အရိပ် အာဝါသကို အသက်သဖွယ်မြတ်နိုးတန်ဖိုးထားပြီး စုပေါင်းဆောင်ရွက်ကြရင် နိုင်ငံ့တိုးတက်မှုအရှိန်အဟုန်ကောင်းတွေဟာရပ်တန့်နေမှာမဟုတ်ပါဘူး”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် တိုင်းပြည်ငြိမ်းချမ်းမှုရှိရေးသည် မဖြစ်မနေလိုအပ်ကာ အကြမ်းဖက်မှုဖြစ်စဉ်များရှိနေသည့် တိုင်းပြည်များသည် တိုးတက်မှုနှောင့်နှေးနေမည်ဖြစ်၍ တိုင်းပြည်နှင့်ပြည်ထောင်စုအကျိုးကိုကြည့်ကာ သမာသမတ်ရှိစွာ၊ရိုးသားမှုရှိစွာ ညှိနှိုင်းဆောင်ရွက် ကြိုးပမ်းအားထုတ်ပါက“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် မလွဲမသွေဖြစ်ပေါ်လာမည်ဟု ဆိုသည်။

ထို့ပြင် ကျောင်းနေအရွယ်တိုင်း အတန်းပညာမြင့်မားရေးကို အမျိုးသားရေးစိတ်ဓာတ်နှင့်ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ဝပြောမှု အကျိုးရလာဒ်ကိုရရှိစေမည်ဟု ဆိုသည်။

“မည်သည့်ကိစ္စမဆို လူသာလျှင်အရေးကြီးဆုံးဖြစ်ပါတယ်၊ လူသာလျှင် ပဓာန ဖြစ်ပါတယ် ၊နိုင်ငံ ရေး၊လူမှုရေး၊စီးပွားရေးစတဲ့ ကိစ္စရပ်တွေအားလုံးမှာ လူပါဝင်ဆောင်ရွက်ရတာဖြစ်ပါတယ်၊ လူရဲ့ဦးဆောင်မှု၊လူရဲ့လိုက်နာဆောင်ရွက်မှု၊လူရဲ့ပြုပြင်ဖန်တီးမှုတို့ဟာ အဓိကကျပါတယ်၊ ကျွန်တော်တို့အားလုံး ကျရာကဏ္ဍကနေ မိမိတို့ရဲ့အလုပ်ကို စိတ်ပါလက်ပါ ချစ်မြတ် နိုးစွာပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ရည်မှန်းထားတဲ့ နိုင်ငံရဲ့အောင်မြင်မှုဟာ မလွဲမသွေရရှိမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကား၌ ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာထုတ်ပြန်ခဲ့

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဝင်ခွင့်ရသူများစာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သော www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website ဖြစ်သည့် www.dhe.gov.mm တို့တွင်ကြေညာပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071