Tuesday, December 16, 2025

သဇင်ပန်းများ ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်လာ

ယခုရက်ပိုင်းအတွင်း စျေးကွက်အတွင်းသို့ သဇင်ပန်းများဝင်ရောက်လာပြီဖြစ်သလို ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်နေကြောင်း အလှပန်းမျိုးစုံရောင်းဝယ်သူများထံမှ သိရသည်။ ယမန်နှစ်တွင် အခက်သေးတစ်ခက်လျှင် (၃၀၀၀/၄၀၀၀) ကျပ်ရှိရာမှ ယခုအခါ (၇၀၀၀/၈၀၀၀)...

နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်...

ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့်...

တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ တနင်္ဂနွေနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင်...

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက...
HomeInternationalထိုင်းနိုင်ငံစစ်ဘေးရှောင်စခန်းများမှ ဆန္ဒအလျောက်နေရပ်ပြန်သူ မြန်မာဒုက္ခသည်တစ်ထောင်ရှိဟုဆို

ထိုင်းနိုင်ငံစစ်ဘေးရှောင်စခန်းများမှ ဆန္ဒအလျောက်နေရပ်ပြန်သူ မြန်မာဒုက္ခသည်တစ်ထောင်ရှိဟုဆို

ထိုင်း – မြန်မာနယ်စပ်၌ နောက်ဆုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မြန်မာမှထိုင်းဘက်ခြမ်းသို့ စစ်ဘေးရှောင်လာသူဒုက္ခသည်ထောင်ချီရှိကြောင်း တာ့ခ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ ယင်းသို့စစ်ဘေးရှောင်လာသူများအနက် ဒုက္ခသည်တစ်ထောင်ခန့်သည့် ၎င်းတို့ဆန္ဒအလျောက် ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်သွားပြီဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်မြို့နှင့် မဲရမတ်ခရိုင်များတွင် မြန်မာဒုက္ခသည်ထောင်ချီခိုလှုံနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခုကြေငြာချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ် ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်များသည် မြဝတီမြို့နယ်၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲကြောင့် ကရင်ဒေသခံ ၉,၀၀၀ ကျော်သည် ထိုင်းနိုင်ငံမဲဆောက်နှင့် မဲရမတ်ခရိုင်များသို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာကြရသည်ဟုဆိုသည်။

ယခုလက်ရှိတွင် ထိုင်းနိုင်ငံ၌ယာယီခိုလှုံနေထိုင်နေရသူ ၈,၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက်အများစုမှာ မြန်မာဘက်၌တိုက်ပွဲအခြေအနေငြိမ်သက်အေးဆေးမည့်အနေအထားကိုစောင့်ကြည့်နေကြသည်။ယခုအခါ မဲရမတ်ခရိုင်တွင် ယာယီခိုလှုံနေထိုင်သူ ၃,၇၀၀ ကျော်နှင့်မဲဆောက်တွင် ၅,၀၀၀ ကျော်ရှိကြောင်းဘန်ကောက်ပို့စ်သတင်းတစ်ရပ်အရသိရသည်။

စစ်ဘေးရှောင်များအား ထိုင်းအာဏာပိုင်များက မိမိဆန္ဒအလျောက်နေရပ်ပြန်ရန်ခွင့်ပြုထားပြီး အတင်းအကျပ်စေလွှတ်ခြင်းမျိုးမလုပ်ကြောင်းလည်းဆိုခဲ့သည်။

စစ်ဘေးရှောင်များဘေးကင်းရေးအတွက် ထိုင်းအာဏာပိုင်များက ကယ်ဆယ်ရေးစခန်းများတွင်တပ်စွဲကာ ကူညီစောင့်ရှောက်ပေးလျက်ရှိသော်လည်း စစ်ရှောင်စခန်းများ၌ လူများပြည့်ကျပ်နေကာ ရာသီဥတုပူပြင်းမှုကြောင့် သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များ နာမကျန်းဖြစ်နေကြသည်ဟုလည်းသိရသည်။

Source : The Thaiger

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဇင်ပန်းများ ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်လာ

ယခုရက်ပိုင်းအတွင်း စျေးကွက်အတွင်းသို့ သဇင်ပန်းများဝင်ရောက်လာပြီဖြစ်သလို ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်နေကြောင်း အလှပန်းမျိုးစုံရောင်းဝယ်သူများထံမှ သိရသည်။ ယမန်နှစ်တွင် အခက်သေးတစ်ခက်လျှင် (၃၀၀၀/၄၀၀၀) ကျပ်ရှိရာမှ ယခုအခါ (၇၀၀၀/၈၀၀၀) ကျပ် ရှိကြောင်း အခက်ကြီး ဆိုဒ်အလှတစ်ခက်လျှင် (၁၅၀၀၀) ကျပ် ရှိကြောင်း သိရသည်။ သဇင်ပန်းများ စိုက်ပျိုးရာခြံအချို့တွင် နိုဝင်ဘာလအတွင်း စတင်ပွင့်လာလေ့ရှိပြီး လကုန်ပိုင်းမှသာ စတင်ရောင်းချလေ့ရှိသလို ယခုဒီဇင်ဘာ ပထမပတ်အတွင်း သဇင်ခြံအများစုမှ ပေါ်ထွက်စပြုလာခြင်းလည်း ဖြစ်သည်။ စျေးကွက်အတွင်း၌ (၄) လက်မအရွယ်ကို အခက်သေးအဖြစ်လည်းကောင်း၊ (၅) လက်မမှ (၆)လက်မအရွယ်ကို အခက်အလတ်၊ (၆)...

နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ အလှူငွေကျပ်သိန်း (၁ဝဝ)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား ပြန်ကြားရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး ဦးရဲတင့်မှ နိုင်ငံတော်ယာယီသမ္မတ (ကိုယ်စား)ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်က လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ အလှူငွေကျပ်သိန်း (၃၀)၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၅၆) သိန်း၊ ရန်ကုန်တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် ဆော်ဒီ သဘောတူ

တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ တနင်္ဂနွေနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင် အရှေ့အလယ်ပိုင်း သံခင်းတမန်ခင်းနှင့်ပတ်သက်၍ ရီယာ့ဒ်၏ အခန်းကဏ္ဍကို ပေကျင်းက ချီးကျူးကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ဖြင့်စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းသုံးနိုင်ငံကို ခရီးသွားရောက်နေခြင်းဖြစ်ကာ ဂျော်ဒန်တွင် ခရီးစဉ် ကို အဆုံးသတ်ရန် စီစဉ်ထားသည်။ ၎င်းသည် တနင်္ဂနွေနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင် ဖာဟန် အယ်လ်ဆော့ဒ်နှင့် တွေ့ဆုံခဲ့သည်။ တရုတ်အစိုးရပိုင် ရှင်းဟွာသတင်းဌာနက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071