Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeNewsLocal Newsထို့ကော်ကိုး လမ်းပိုင်းတွင် ဂိတ်ကြေးတောင်းသည်မှာ...

ထို့ကော်ကိုး လမ်းပိုင်းတွင် ဂိတ်ကြေးတောင်းသည်မှာ မှန်သော်လည်း နှစ်ဦးနှစ်ဘက်အဆင်ပြေမည့် နှုန်းထားသာ ကောက်နေခြင်းဖြစ်သည်ဟု KNU/KNLA-PC ပြောခွင့်ရပြော

ထို့ကော်ကိုး လမ်းပိုင်းအား အသုံးပြုသည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များအား လမ်းကြေး ကောက်ခံနေသည်ဆိုသည်မှာ မှန်ကန်သော်လည်း နှစ်ဦးနှစ်ဘက်သင့်တင့်မျှတသည့် နှုန်းထားသာ ကောက်ခံခြင်းဖြစ်ကြောင်း KNU/KNLA-PC ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် မြဝတီ – ကျုံဒိုး အာရှလမ်းပိုင်းကို အသုံးပြုရန် လုံခြုံရေးအရ အခက်အခဲရှိသည့်အတွက် ထို့ကော်ကိုး လမ်းပိုင်းအား ပြောင်းလဲ အသုံးပြုနေကြရခြင်းဖြစ်သည်။

ယင်းသို့ အသုံးပြုနေရသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို KNU/KNLA-PC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့က လမ်းအသုံးပြုခအနေဖြင့် ငွေကြေးကောက်ခံနေခြင်း ဖြစ်သည်။

“အခြေအနေအရ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာ များလာပြီဆိုတော့ လမ်းရဲ့ ကြံ့ခိုင်ရေးအရ​သော်လည်းကောင်း၊ ထိန်းသိမ်းရတဲ့ ကဏ္ဍတွေမှာ စနစ်တကျ စီမံခန့်ခွဲလို့ရအောင် ဂိတ်ကြေးရယ်လို့မဟုတ်ဘဲနဲ့ လမ်းထိန်းသိမ်းခအနေနဲ့ ကောက်ခံတာတော့ရှိပါတယ်။

ကောက်ခံတယ်ဆိုတာကလည်း ဖြစ်ကတတ်ဆန်း ကောက်ခံတာ မဟုတ်ဘဲနဲ့ (၂)လပိုင်း တစ်ရက်နေ့ကစပြီးတော့ ထို့ကော်ကိုး  – ကျော်ကို့လမ်း ထိန်းသိမ်းရေးကော်မတီကို ဖွဲ့ပြီးတော့ ဂိတ်နှစ်ဂိတ်ပဲ ထားရှိပြီးတော့ အဲဒီနှစ်ဂိတ်ပဲ ကောက်ပါတယ်” ဟု ဗိုလ်မှူး ကြီးစောကျော်ညွန့်က ပြောသည်။

အဆိုပါ ထို့ကော်ကိုး လမ်းပိုင်းပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား လမ်းကြေးတောင်းခံနေသည့် ဂိတ်ပေါင်း (၃၀) ဝန်းကျင်အထိရှိနေပြီး လမ်းပိုင်းအစအဆုံးအထိ လမ်းကြေးအနေဖြင့် (၅၀၀၀၀) ကျပ်ဝန်းကျင်အထိ ပေးဆောင်နေရကြောင်း နယ်မြေသတင်းရင်းမြစ်များနှင့် ဖြတ်သန်းသွားလာနေသည့် ယာဉ်မောင်းများ၏ ပြောကြားအရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးစောကျော်ညွန့်အား မေးမြန်းကြည့်ရာတွင် ယင်းလမ်းပိုင်းပေါ်တွင် KNU/KNLA-PC အပါအဝင် အခြားသောကရင်လက်နက်ကိုင်အဖွဲ့အစည်းပါ ရောထွေးကာ ရှိနေသည့်အတွက် လမ်းပိုင်းအစအဆုံးအထိ ဂိတ်မည်မျှရှိသည်ကို အတိအကျမပြောနိုင်ကြောင်းလည်း ၄င်းက ပြောသည်။

လက်ရှိတွင် KNU/KNLA-PC အနေဖြင့် ခရီးသည်တင်ယာဉ် တစ်စီးလျင် လမ်းအသုံးပြုခအနေဖြင့် (၁၀၀၀)ကျပ် ကောက်ခံပြီး ကုန်တင်ယာဉ်များကိုလည်း ယာဉ်အရွယ်အစားနှင့် ကုန်ပစ္စည်းတင်ဆောင်လာသည့် အနေအထားပေါ်မူတည်ကာ နှစ်ဦးနှစ်ဘက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေသည့် နှုန်းထားသတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရသည်။

“ စီးပွားရေးအရ သွားလာတဲ့ကားမဟုတ်ဘူး ဆိုရင်တော့ ကျွန်တော်တို့က တစ်စီးကို တစ်ထောင်ပဲ ကောက်ပါတယ်။ အဲဒါကလည်း လမ်းရဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်လို့ ရအောင်ဆိုပြီးတော့ ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ လုပ်တာ ဖြစ်ပါတယ်။ စီးပွားရေးအရ သွားလာတဲ့ ကုန်ကားတွေကျတော့လည်း ကုန်သည်နဲ့ လမ်းကော်မတီရဲ့ကြား သင့်တင့်လျှောက်ပတ်တဲ့ နှုန်းထားကို ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ကောက်ခံတာ ရှိပါတယ်။ အဲဒီလို ကောက်ခံတာကလည်း ကျွန်တော်တို့ ကော်မတီက ခွင့်ပြုထားတဲ့ ဂိတ်နှစ်ခုကိုပဲ ကောက်ခံခွင့်ပြုထားဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ကောက်ခံခွင့်ပြုထားသည့် ဂိတ်နှစ်ဂိတ်တွင်လည်း အတက်ဂိတ်နှင့် အဆင်းဂိတ်တစ်ဂိတ်စီသာပေးဆောင်ရခြင်းဖြစ်ပြီး နှစ်ဂိတ်စလုံးတွင် ကောက်ခံနေခြင်း မဟုတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၅)ရက်က မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့ကရိတ် ရဲစခန်းနှင့် အနီးပတ်ဝန်းကျင် အာရှလမ်း၊ ကျုံဒိုးမြို့အနီးတဝိုက်တွင် KNLA ပူးပေါင်းတပ်များနှင့် တပ်မတော်တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အဆိုပါ ဧရိယာအတွင်းရှိ အာရှလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်း မပြုရန် KNLA ပူးပေါင်းတပ်ဖွဲ့များက သတိပေးတားမြစ်ထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တားမြစ်ထားသည့်အတွက် ယခင် မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းအသုံးပြုသွားလာကြသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များသည် ထို့ကော်ကိုး လမ်းပိုင်းကို ပြောင်းလဲ အသုံးပြုနေကြရခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071