Monday, December 15, 2025

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက...

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake...

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံငွေကျပ် (၁၀)...

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် ထောက်ပံငွေကျပ် (၁၀) ဘီလီယံကို ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က...

ဘရောင်းတက္ကသိုလ်ပ-စ်ခတ်မှုတွင် လူနှစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန်ပြောကြား

အမေရိကန် ရုတ်ဒ်အိုင်းလန်းပြည်နယ်ရှိ ဘရောင်းတက္ကသိုလ် (Brown University) ကျောင်းဝင်းအတွင်း စနေနေ့တွင် ဖြစ်ပွားခဲ့သော ပ-စ်ခတ်မှု၌ လူနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန် Brett...

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက...

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake...
HomeInternationalအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ယူကရိန်းအား...

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ယူကရိန်းအား ကန်ဒေါ်လာ ၁၅ ဒသမ ၆ ဘီလျံ ထောက်ပံ့ငွေချပေး

ဝါရှင်တန်၊ဧပြီ ၁

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ပဋိပက္ခဖြစ်ပွားနေသော ယူကရိန်း၏ စီးပွားရေးပြန်လည်နာလန်ထူလာရန် ကန်ဒေါ်လာ ၁၅ ဒသမ ၆ ဘီလျံ ထောက်ပံ့ရေးအစီအစဉ်ကိုအတည်ပြုလိုက်ကြောင်း မတ်လ ၃၁ ရက်ကထုတ်ပြန်ခဲ့သည်။

ရုရှား၏ကျူးကျော်မှုသည် ယူကရိန်းစီးပွားရေးကို ထိခိုက်စေခဲ့ပြီး ယမန်နှစ်နှင့်ယှဉ်ပါက ၃၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားစေသည်။ထို့ကြောင့်၎င်း၏ အရင်းအနှီး၊အစုရှယ်ယာအများအပြားလည်းပျက်စီးကာ ဆင်းရဲမွဲတေမှုပိုများခဲ့ကြောင်း IMF ကပြောကြားခဲ့သည်။

စစ်ပွဲဖြစ်ပွားမှုသည် ကမ္ဘာ့စီးပွားရေးအား မတည်မငြိမ်ဖြစ်စေကာ ဂျုံနှင့်ရေနံဈေးနှုန်းများ မြင့်တက်လာပြီး ကမ္ဘာ့ငွေကြေးဖောင်းပွမှုကိုလည်းဖြစ်စေခဲ့သည်။

ယူကရိန်းအား IMF ကပံ့ပိုးပေးသည့် ရည်ရွယ်ချက်မှာ နိုင်ငံ့စီးပွားရေးငွေကြေးတည်ငြိမ်မှုနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ပံ့ပိုးပေးမည့်မူဝါဒများ ချမှတ်ရန်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

IMF က အတည်ပြုထားသော စုစုပေါင်းပမာဏအနက် ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကို ယူကရိန်းအားချက်ချင်းပေးမည်ဖြစ်ပြီး ကျန်ငွေများကို လာမည့်လေးနှစ်အတွင်း ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

Source – AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက ကစားကွင်းကို ဖျ-က်ဆီး

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake အားကစားကွင်း၏ ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းများလုပ်ခဲ့ကြသည်။ လက်မှတ်ရောင်းချသော ယင်းပွဲအခမ်းအနားတွင် မက်ဆီသည် အချိန်ခဏသာရှိခဲ့သဖြင့် ယခုဖြစ်ရပ်များပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပွဲ၏ အဓိကစီစဉ်သူဖြစ်သော ဆာတာဒရူ ဒွတ်တာကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း အနောက်ဘင်ဂေါရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာဂျစ်ဗ် ကူးမားက ပြောကြားခဲ့သည်။ မက်ဆီသည် အားကစားကွင်းအတွင်း ၄၅ မိနစ်ကြာရှိနေရန် စီစဉ်ထားသော်လည်း သူသည် မိနစ် ၂၀...

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံငွေကျပ် (၁၀) ဘီလီယံ ခွင့်ပြုထား

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် ထောက်ပံငွေကျပ် (၁၀) ဘီလီယံကို ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ကျရောက်သည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့် စက်မှုလက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံငွေကျပ် (၁၀) ဘီလီယံကို ခွင့်ပြုထားခြင်းဖြစ်ကြောင်း ယာယီသမ္မတက...

ဘရောင်းတက္ကသိုလ်ပ-စ်ခတ်မှုတွင် လူနှစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန်ပြောကြား

အမေရိကန် ရုတ်ဒ်အိုင်းလန်းပြည်နယ်ရှိ ဘရောင်းတက္ကသိုလ် (Brown University) ကျောင်းဝင်းအတွင်း စနေနေ့တွင် ဖြစ်ပွားခဲ့သော ပ-စ်ခတ်မှု၌ လူနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန် Brett Smiley က ပြောကြားသည်။ "ယခုမွန်းလွဲပိုင်းတွင် လူနှစ်ဦး ‌ေ-သဆုံးသွားကြောင်းနှင့် နောက်ထပ် ရှစ်ဦးမှာလည်း အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း ကျွန်ုပ် အတည်ပြုနိုင်သည်" ဟု Fox News မှ ထုတ်လွှင့်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သူကပြောကြားခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071