Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsအရင်း/အတိုး ပေးဆပ်ရန်ပျက်ကွက်သောချေးငွေများ လျော့နည်းကျဆင်းလာ

အရင်း/အတိုး ပေးဆပ်ရန်ပျက်ကွက်သောချေးငွေများ လျော့နည်းကျဆင်းလာ

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် သုံးနှစ်တာအတွင်းတိုးတက်လာမှုနှင့်ပတ်သက်၍ ဗဟိုဘဏ် ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။

မတ် ၃၁ ရက်နံနက် ၁၁ နာရီကကျင်းပသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍရှိ ငွေကြေးဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများ၊နိုင်ငံခြားဘဏ်များနှင့်ငွေပေးချေမှုကိစ္စရပ်များ၊ငွေကြေးခဝါချမှုဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုများကို ဗဟိုဘဏ်နှင့်ပုဂ္ဂလိကဘဏ်များကြား သုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိကဘဏ်များ၏ အပ်ငွေသည် ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄၂ ရာခိုင်နှုန်း၊ချေးငွေသည် ၇ ဒသမ ၈၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး Credit to GDP Ratio သည် ၂၈ ရာခိုင်နှုန်းရှိကာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါကဘဏ်များ၏ ဗဟိုဘဏ်ရှိအပ်နှံငွေသည် ၃၅ ရာခိုင်နှုန်းနှင့်ဘဏ်များ၏လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်း တိုးတက်လာသည်ဟု ပြောသည်။

Interbank Market ရှိ ငွေကြေးလွယ်ကူမှု Turnover သည် ငွေကျပ် ၁၁၆၆ ဘီလီယံ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်းခန့်တိုးတက်ခဲ့ပြီး နိုင်ငံခြားဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များကြားတွင် ကျပ်ငွေလွယ်ကူမှုပိုမိုမြင့်မားလာကာ ကုန်သွယ်မှုကဏ္ဍအတွက်လိုအပ်သည့် ကာလတိုငွေကြေးဖြည့်ဆည်းမှုများလည်း အားကောင်းလာ၍ စီးပွားရေးဖွံ့ဖြိုးလာမှုနှင့်လုပ်ငန်းလည်ပတ်မှုများအားကောင်းလာသဖြင့် ဘဏ်များအနေဖြင့် ချေးငွေများပိုမိုကောက်ခံရရှိလာပြီး ချေးငွေများအပေါ် (Restructuring and Rescheduling)များ ဆောင်ရွက်ပေးခြင်းကြောင့် ပိုမိုလုပ်သာကိုင်သာရှိလာ၍ အရင်း/အတိုး ပေးဆပ်ရန်ပျက်ကွက်သောချေးငွေများ လျော့နည်းကျဆင်းလာသည်ဟု ပြောသည်။

နိုင်ငံခြားငွေနှင့်ပတ်သက်၍ ဗဟိုဘဏ်ကသတ်မှတ်ပေးသည့် စည်းမျဉ်းများကိုဘဏ်များ၊ Exporter များ၊ Importer များလိုက်နာရန်၊ Export Earnings ပြန်မဝင်ခြင်းများကို စောင့်ကြည့်စစ်ဆေးရန်၊လိုအပ်သည့်အထောက်အထားများ ရယူစစ်ဆေးရန်၊ KYC/CDD နှင့်အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်အထက် ငွေလွှဲဝင်ရောက်ခြင်းများကို ဗဟိုဘဏ်သို့သတင်းပို့ရန်၊သတင်းပို့ရန်ပျက်ကွက်ပေါ့လျော့မှုများကြောင့် ဆုံးရှုံးမှုများဖြစ် လာပါက စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ်ကာ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)သို့ သတင်းပေးပို့ရမည့် စာရင်းများအားစနစ်တကျပေးပို့ရန်လည်း မှာကြားခဲ့သည်။  

နယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသည့်ဘဏ်ခွဲများ၌ တရားမဝင်ငွေလွှဲမှုများမဖြစ်ပွားစေရန် အထူးဂရုပြု၍ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုများသည် မိုဘိုင်းဖုန်းအသုံးပြု၍ ငွေလွှဲဆောင်ရွက်မှုများမှတစ်ဆင့် အဖြစ်များသောကြောင့် Monitoring အလေးထားဆောင်ရွက်ရန်လိုသည်ဟု ပြောသည်။

ယွမ်/ဘတ်အပြင် ရူပီးနှင့်ကျပ်ကိုပါ သုံးစွဲနိုင်ရန် အိန္ဒိယဗဟိုဘဏ်နှင့်အတည်ပြုချက်ရယူပြီးဖြစ်၍ မကြာခင်ကုန်သွယ်မှုကဏ္ဍသို့ ဆောင်ရွက်မည့် အစီအမံများချပြပေးမည်ဟုလည်း ပြောကြားခဲ့သည်။

ကောင်းမွန်သည့် ဘဏ်စနစ်ဖြစ်ပေါ်ပြီး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရန် ဘဏ်များအားလုံးစည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းရန်၊ ဘဏ်လုပ်ငန်းရေရှည်ဖွံ့ဖြိုးစေရန် တိုးတက်ကောင်းမွန်သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် ပြည်သူ လူထုကို အလုပ်အကျွေးပြုရန်၊ Risk Management ကိုတိုးမြှင့်ဆောင်ရွက်ရန်နှင့်လုပ်ငန်းလုံခြုံမှုနှင့်အောင်မြင်မှုတို့ကို ဟန်ချက်ညီပေါင်းစပ်၍ ပြဋ္ဌာန်းထားသည့် ဥပဒေ၊စည်းမျဉ်း စည်းကမ်းများနှင့်အညီဆောင်ရွက်ရန်တို့ကိုလည်း ဗဟိုဘဏ် ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071