အုတ်ဖုတ်လုပ်ငန်းသုံးရေအိုင်အတွင်းအမျိုးသမီးတစ်ဦးမှောက်လျက်သေဆုံးနေမှုအား သေမှုသေခင်းဖွင့်လှစ်စစ်ဆေး​နေ

0
155

ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်တွင် မတ် ၂၂ ရက်မွန်းတည့်က မှောက်လျက်သေဆုံးနေသည့် အသက်(၃၂)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းအားတွေ့ရှိခဲ့ရသည်ဟု ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ကျောင်းကုန်းမြို့၊ဂျို့ကုန်းကျေးရွာရှိ အုတ်ဖုတ်လုပ်ငန်းတွင်အသုံးပြုသည့် ရေအိုင်အတွင်းမှ မွန်းတည့် ၁၂ နာရီကျော်ခန့်ကတွေ့ရှိခဲ့သဖြင့် ကျောင်းကုန်းမြို့မရဲစခန်းမှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

သေဆုံးသူသည် ကျောင်းကုန်းမြို့၊အမှတ်(၄)ရပ်ကွက်နေ မအေးမြတ်မွန်(ခ)ဘုကြီး(၃၂)နှစ်ဖြစ်ကာ ရေအိုင်အတွင်း၌ မှောက်လျှက်အနေအထားဖြင့် ပါးစပ်နှင့်နှာခေါင်းဝတို့တွင် ‌ရွှံ့နှင့်ရေညှိများကပ်လျှက်သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိထားသည်။

“ကျွန်တော်တို့ကတော့ တာဝန်ရှိတဲ့လူတွေစစ်ဆေးပြီးတဲ့အချိန်မှာ သေဆုံးရတဲ့အကြောင်းရင်းကိုအတိအကျသိဖို့ ရင်ခွဲရုံကိုပို့ပေးခဲ့တယ်။ မအေးမြတ်မွန်မှောက်ရက်သေဆုံးနေတာကို သူ့မောင်အရင်းကတွေ့ခဲ့တာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား ကျောင်းကုန်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၇/၂၀၂၃ ဖြင့်အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်အားစစ်ဆေးလျက်ရှိကြောင်းသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here