စက္ကူဂျပ်ဖာအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း ဆူဒိုအက်ဖီဒရင်းဆေးပြား ၈၀၀၀၀ အားဖမ်းဆီးရမိ

0
61

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်တွင် မတ် ၂၀ ရက်ညနေပိုင်းက ထိန်းချုပ်ဓာတုပစ္စည်း ဆူဒိုအက်ဖီဒရင်းဆေးပြား ၈၀၀၀၀ အားဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ပြည်ကြီးတံ ခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်၊ကျွဲဆည်ကန် (၅)လမ်းတွင် မျိုးကျော်ဦး(၄၅)နှစ်မောင်းကာ စိုင်းကိုကိုချစ်(ခ)မောင်ကို(၄၂)နှစ် လိုက်လာသည့် SUBARU SAMBAR ကားအားစစ်ဆေးခဲ့ကြသည်။

ကားယာဉ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း ဆူဒိုအက်ဖီဒရင်းဆေးပြား ၈၀၀၀၀ အားဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ ပူးပေါင်းပါဝင်သူများဖြစ်သည့် ထက်ထင်ရှား(၂၅)နှစ်နှင့်နေမင်းအောင်(ခ)နေမျိုးသူ(၂၃)နှစ်တို့အား ည ၆ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်း၌ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ပြည်ကြီးတံခွန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here