Friday, June 13, 2025

မစိုးရိမ် ကျောင်းတိုက်ရှိ သံဃာတော်များကို ကိုဗစ်...

မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ရှိ သံဃာတော်များကို ယနေ့ ဇွန်လ (၁၃)ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခဲ့ကြောဂ်း သိရသည်။ လက်တ‌လောတွင် ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားသူများကို...

အုပ်စုနောက်ဆုံးပွဲစဉ် တီမောအသင်းကို (၇)နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့်...

အာဆီယံ ယူ - ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ကို ယနေ့ ဇွန်လ(၁၃) ရက်၌ တီမော - မြန်မာ...

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ...

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက...

အီရန်နှင့် အစ္စရေးရောက်နိုင်ငံသားများကို တရုတ် သတိပေး

အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင် ရှုပ်ထွေးပြီး ပြင်းထန်သော လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် ယင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများကို တရုတ်က သောကြာနေ့တွင် အကြံပြု သတိ‌ပေးချက်များကိုထုတ်ပြန်ခဲ့ပြီး...
HomeNewsLocal Newsနစက၏ ဥပဒေသစ်အရ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့်ပါတီ...

နစက၏ ဥပဒေသစ်အရ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့်ပါတီ (၃၈) ပါတီအထိရှိလာ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့် ပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင်ပြန်လည်လျှောက်ထားကြရမည်ဖြစ်ရာ လက်ရှိအချိန်ထိ မှတ်ပုံတင်လျှောက်ထားလာသည့်ပါတီ (၃၈) ပါတီရှိကြောင်း UEC ထံမှ သိရသည်။

ယခင်ဥပဒေအရ မှတ်ပုံတင်ထားသည့် ပါတီ (၉၀) ကျော် ရှိသည့်အနက်မှ ၂၀၂၃ ခုနှစ် မတ်လ (၂၂) ရက်အထိ ပါတီ (၃၈) ပါတီသာ မှတ်ပုံတင်ပြန်လည်လျှောက်ထားသေးကြောင်း UEC က သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ မတ်လ (၂၂) ရက်တွင် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ (၅) ပါတီ မှတ်ပုံတင် ထပ်မံလျှောက်ထားလာကြောင်းလည်း သိရသည်။

လက်ရှိအချိန်ထိ မှတ်ပုံတင် ပြန်လည်လျှောက်ထားလာသည့် ပါတီ (၃၈) ပါတီအနက် ပြည်ထောင်စုအဆင့် စည်းရုံးမည့်ပါတီ(၉) ပါတီရှိပြီး ပြည်နယ်သို့မဟုတ် တိုင်းအဆင့်စည်းရုံးမည့်ပါတီမှာ ပါတီ(၂၉) ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ် တို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင် ပြန်လည်လျှောက်ထား‌ ထားကြောင်း သိရသည်။

ထို့အပြင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ပြည်သူ့အင်အားပါတီ၊ဝံသာနုပါတီ၊ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၊ဒီမိုကရက်တစ်ပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်း ညီညွတ်ရေးပါတီ [Shan-Ni Solidarity Party (S.S.P)] ၊ လူထုပါတီ (The Party for People) ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP)၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) တို့လည်း နစက၏ ပါတီမှတ်ပုံတင်ဥပဒေသစ်အရ ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။

အလားတူ မွန်ညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ အာခါ အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ လူ့ဘောင်သစ်ပါတီ(NSP)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ (Inn National League Party)၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)]တို့လည်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်ချက်ဖြင့် ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။

နစကက အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင် ပြန်လည်လျှောက်ထားရန် ကာလပေးထားချက်ဖြစ်သည့် ရက်ပေါင်း (၆၀) မှာ မကြာခင်ရက်ပိုင်းအတွင်း ပြည့်တော့မည်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့် ပါတီများအနေဖြင့် လာမည့် မတ်လ (၂၈) ရက်နောက်ဆုံးထား မှတ်ပုံတင်လျှောက်ထားကြရန် နစက ပြောရေး ဆိုခွင့်ရှိသူက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မစိုးရိမ် ကျောင်းတိုက်ရှိ သံဃာတော်များကို ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ရှိ သံဃာတော်များကို ယနေ့ ဇွန်လ (၁၃)ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခဲ့ကြောဂ်း သိရသည်။ လက်တ‌လောတွင် ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားသူများကို စစ်ဆေးတွေ့ရှိထားသဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ ဇွန်လ (၉)ရက် ညပိုင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့သည့် လူနာသစ် (၃၁) ဦးတွေ့ထားသည်။ မေလကစ၍ ပြည်တွင်း၌ ကိုဗစ်ကူးစက်မှု အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကုသပေးရသည့် လူနာမရှိသည့်အတွက် စိုးရိမ်ဖွယ်ရာ မရှိသေးသည့် အကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ...

အုပ်စုနောက်ဆုံးပွဲစဉ် တီမောအသင်းကို (၇)နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့် မြန်မာအမျိုးသမီး ယူ – ၁၉ အသင်း

အာဆီယံ ယူ - ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ကို ယနေ့ ဇွန်လ(၁၃) ရက်၌ တီမော - မြန်မာ လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက တီမောအသင်းကို (၇) ဂိုးပြတ်ဖြင့် အနိုင်ရယူခဲ့သည်။ ယနေ့ ပထမပွဲချိန်အတွင်း သွင်းဂိုး (၅) ဂိုးအထိ ဦးဆောင်သွင်းယူနိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းပွဲချိန်အတွင်းနောက်ထပ် သွင်းဂိုး (၂) ဂိုးထပ်မံသွင်းယူခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့် ပွဲစဉ်အတွင်း ဗီယက်နမ်အသင်းအား (၂) ဂိုးပြတ်ဖြင့် ရှူံးနိမ့်ထားသလို အုပ်စုအဆင့် ဒုတိယပွဲစဉ်၌...

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ ဝေဟင်ပိုင်နက် ပိတ်ပင်ခြင်းများ ဖြစ်ပေါ်

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက ဖော်ပြခဲ့ပြီး ခရီးသည်တင်လေကြောင်းလိုင်းများသည် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ ဘေးကင်းရေးအလို့ငှာ လမ်းကြောင်းပြောင်းခြင်းနှင့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ကတိုက်ကရိုက်လုပ်ဆောင်နေကြကြောင်း သိရသည်။ ကမ္ဘာတစ်ဝှမ်း တိုးပွားလာသော ပဋိပက္ခဇုန်များကြောင့် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုများနှင့် အမြတ်အစွန်းရရှိမှုအပိုင်းတွင် ပိုမိုဝန်ပိလာပြီး ဘေးကင်းလုံခြုံမှုအပိုင်းတွင်လည်း ပို၍စိုးရိမ်စရာဖြစ်လာသည်။ လေကြောင်းအန္တရာယ် အတိုင်ပင်ခံလုပ်ငန်း Osprey Flight Solution ၏ အဆိုအရ ၂၀၀၁ ခုနှစ်မှစကာ ကူးသန်းရောင်းဝယ်ရေးလေယာဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071