Friday, June 13, 2025

မစိုးရိမ် ကျောင်းတိုက်ရှိ သံဃာတော်များကို ကိုဗစ်...

မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ရှိ သံဃာတော်များကို ယနေ့ ဇွန်လ (၁၃)ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခဲ့ကြောဂ်း သိရသည်။ လက်တ‌လောတွင် ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားသူများကို...

အုပ်စုနောက်ဆုံးပွဲစဉ် တီမောအသင်းကို (၇)နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့်...

အာဆီယံ ယူ - ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ကို ယနေ့ ဇွန်လ(၁၃) ရက်၌ တီမော - မြန်မာ...

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ...

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက...

အီရန်နှင့် အစ္စရေးရောက်နိုင်ငံသားများကို တရုတ် သတိပေး

အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင် ရှုပ်ထွေးပြီး ပြင်းထန်သော လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် ယင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများကို တရုတ်က သောကြာနေ့တွင် အကြံပြု သတိ‌ပေးချက်များကိုထုတ်ပြန်ခဲ့ပြီး...
HomeNewsFootballFIFA-MFF U15 Youth...

FIFA-MFF U15 Youth League 2023 ပြိုင်ပွဲကို ‌လာမည့် မေလ ပထမအပတ်အတွင်း ကျင်းပမည်

FIFA-MFF U15 Youth League 2023 ပြိုင်ပွဲကို ‌လာမည့် မေလ ပထမအပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှသိရသည်။

လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင်မြင်မှုရရှိရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်းညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth League 2023) အား ယခုနှစ် မေလပထမပတ်တွင် အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည်ဇုန်အဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်သွားမည်ဟုလည်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၂ သင်း၊ မကွေးတိုင်း ဒေသကြီးမှ ၁ သင်း၊ နေပြည်တော်ကောင်စီမှ ၁သင်း၊ ရှမ်းပြည်နယ်မှ ၃ သင်း၊ ချင်းပြည်နယ်မှ ၁သင်း၊ ကယား ပြည်နယ်မှ ၁ သင်း၊ ကချင်ပြည်နယ်မှ ၁ သင်း၊ အောက်မြန်မာပြည်ဇုန် (ရန်ကုန်)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၃ သင်း၊ ပဲခူးတိုင်း ဒေသကြီးမှ ၂ သင်း၊ ဧရာဝတီတိုင်း ဒေသကြီး(ပုသိမ်)မှ ၂ သင်း၊ တနင်္သာရီ တိုင်းဒေသကြီးမှ ၁သင်း၊ မွန်ပြည်နယ်မှ ၂ သင်း ၊ ရခိုင်ပြည်နယ်မှ ၁ သင်း၊ ကရင်ပြည်နယ်မှ ၁ သင်း ပါ ဝင်မည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြိုင်ပွဲဝင်လိုသည့် အသင်းအရေအတွက် သတ်မှတ်ထားသည်ထက် ပိုမိုနေပါက ခြေစစ်ပွဲ ကစားစေမည်ဟု ဆိုသည်။

ပြိုင်ပွဲကို အပတ်စဉ် စနေနှင့် တနင်္ဂနွေများတွင် ကျင်းပသွမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ပထမအကျော့ ၃ လ၊ ဒုတိယအကျော့ ၃ လ စုစုပေါင်း ၆ လ ကြာမြင့်မည်ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်းများ မှတ်ပုံတင်ရမည့် ကာလကို ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက် နောက်ဆုံးထား သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် FIFA-MFF U15 Youth League ဌာနသို့ ဆက်သွယ် မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ခွင့်ရ အသင်းများကို တစ်သင်းလျှင် ကျပ် သိန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ပြီး ပထမဆုရအသင်းအား ကျပ် သိန်း ၅၀၊ ဒုတိယဆုရ အသင်းအား ကျပ် သိန်း ၃၀၊ တတိယဆုရအသင်းအား ကျပ် သိန်း ၂၀ ၊ ဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဟုဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မစိုးရိမ် ကျောင်းတိုက်ရှိ သံဃာတော်များကို ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ရှိ သံဃာတော်များကို ယနေ့ ဇွန်လ (၁၃)ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခဲ့ကြောဂ်း သိရသည်။ လက်တ‌လောတွင် ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားသူများကို စစ်ဆေးတွေ့ရှိထားသဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ ဇွန်လ (၉)ရက် ညပိုင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့သည့် လူနာသစ် (၃၁) ဦးတွေ့ထားသည်။ မေလကစ၍ ပြည်တွင်း၌ ကိုဗစ်ကူးစက်မှု အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကုသပေးရသည့် လူနာမရှိသည့်အတွက် စိုးရိမ်ဖွယ်ရာ မရှိသေးသည့် အကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ...

အုပ်စုနောက်ဆုံးပွဲစဉ် တီမောအသင်းကို (၇)နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့် မြန်မာအမျိုးသမီး ယူ – ၁၉ အသင်း

အာဆီယံ ယူ - ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ကို ယနေ့ ဇွန်လ(၁၃) ရက်၌ တီမော - မြန်မာ လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက တီမောအသင်းကို (၇) ဂိုးပြတ်ဖြင့် အနိုင်ရယူခဲ့သည်။ ယနေ့ ပထမပွဲချိန်အတွင်း သွင်းဂိုး (၅) ဂိုးအထိ ဦးဆောင်သွင်းယူနိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းပွဲချိန်အတွင်းနောက်ထပ် သွင်းဂိုး (၂) ဂိုးထပ်မံသွင်းယူခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့် ပွဲစဉ်အတွင်း ဗီယက်နမ်အသင်းအား (၂) ဂိုးပြတ်ဖြင့် ရှူံးနိမ့်ထားသလို အုပ်စုအဆင့် ဒုတိယပွဲစဉ်၌...

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ ဝေဟင်ပိုင်နက် ပိတ်ပင်ခြင်းများ ဖြစ်ပေါ်

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက ဖော်ပြခဲ့ပြီး ခရီးသည်တင်လေကြောင်းလိုင်းများသည် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ ဘေးကင်းရေးအလို့ငှာ လမ်းကြောင်းပြောင်းခြင်းနှင့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ကတိုက်ကရိုက်လုပ်ဆောင်နေကြကြောင်း သိရသည်။ ကမ္ဘာတစ်ဝှမ်း တိုးပွားလာသော ပဋိပက္ခဇုန်များကြောင့် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုများနှင့် အမြတ်အစွန်းရရှိမှုအပိုင်းတွင် ပိုမိုဝန်ပိလာပြီး ဘေးကင်းလုံခြုံမှုအပိုင်းတွင်လည်း ပို၍စိုးရိမ်စရာဖြစ်လာသည်။ လေကြောင်းအန္တရာယ် အတိုင်ပင်ခံလုပ်ငန်း Osprey Flight Solution ၏ အဆိုအရ ၂၀၀၁ ခုနှစ်မှစကာ ကူးသန်းရောင်းဝယ်ရေးလေယာဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071