Thursday, May 29, 2025

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး...

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက်...
HomeNewsLocal Newsအုတ်တွင်းမြို့နယ်တွင်ရန်ကုန်- မန္တလေး အဆန်...

အုတ်တွင်းမြို့နယ်တွင်ရန်ကုန်- မန္တလေး အဆန် လူစီးအမြန်ရထားမိုင်းခွဲတိုက်ခိုက်ခံရ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်တွင် မတ် ၂၁ ရက်ညပိုင်းက ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် လူစီးအမြန်ရထား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

မတ်လ ၂၁ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်က ရန်ကုန်ဘူတာကြီးမှမန္တလေးဘူတာသို့ ထွက်ခွာလာသည့် အမှတ်(၃) အဆန်လူစီးအမြန်ရထားသည် ည ၁ နာရီခန့်၌ အုတ်တွင်းမြို့နယ်၊ဇေယျဝတီဘူတာနှင့်ညောင်ခြေထောက်ဘူတာကြား မိုင်တိုင်အမှတ် (၁၄၂/၉)နှင့်(၁၄၂/၁၀)အား ဖြတ်သန်းခုတ်မောင်းစဉ် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ရထားစက်ခေါင်းလေကာမှန်များကွဲအက်ပျက်စီးကာ စက်ခေါင်းနောက်ကပ်လျက် ရိုးရိုးတန်းလူစီးတွဲ၏ တက်/ဆင်းပေါက် တံခါးမကြီးတစ်ခုပြုတ်ထွက်၊ပြတင်းပေါက်နှစ်ပေါက်ပျက်စီး၊စီမံကိန်းဆောင်ရွက်နေသည့် အစုန်လမ်းပေါ်မှ ကွန်ကရစ်ဇလီးဖားတုံးအသစ်(၃)တုံးပျက်စီးခဲ့ပြီး ခရီးသည် အမျိုးသား(၂)ဦး၏ ဦးခေါင်းနှင့်လက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ ကျွဲပြဲဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အမှတ်(၃)အဆန်လူစီးအမြန်ရထားသည် ၂ နာရီခန့်၊အမှတ်(၆)အစုန်လူစီးအမြန်ရထားသည် ၅ နာရီခွဲခန့်နှင့်အမှတ်(၄) အစုန်လူစီး အမြန်ရထားသည် ၃ နာရီခွဲခန့် နီးစပ်ရာဘူတာများတွင်စောင့်ဆိုင်းခဲ့ရပြီး ခရီးသည် (၃၀၀၀)ဦးခန့် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာတစ်ဝိုက်အားစစ်ဆေးရာ ဖြစ်စဉ်နေရာအနီးရှိ လယ်ကွင်းထဲ၌ မဖောက်ခွဲရသေးသည့် လက်လုပ်မိုင်း ဗုံးတစ်လုံးတပ်ဆင်ထားသည်ကိုတွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယနေ့အချိန်ထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊မိုင်းခွဲဖျက်စီးခံရမှု(၁၀၉)ကြိမ်၊ရထားလမ်းတံတားများအား မိုင်းခွဲဖျက်စီးခံရမှု(၃၇) ကြိမ်၊ဘူတာများအား မီးရှို့ဖျက်စီးခံရမှု(၁၁)ကြိမ်ရှိခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထားမှ အမြန်လူစီးရထားခရီးစဉ်(၁၈)ခု၊စာပို့ရထားခရီးစဉ်(၁၂)ခု၊လူစီးကုန်တင်ရထားခရီးစဉ်(၈)ခု၊ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထားခရီးစဉ်(၃၀)ခု(စုစုပေါင်း ရထားခရီးစဉ် ၆၈ ခု)တို့နှင့်ကုန်ရထားခရီးစဉ်များကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိကာ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အမြန်ရထား(၄)စင်း၊စာပို့ရထား(၂)စင်းနှင့်လူစီးကုန်တင်ရထား(၂)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး ၆ ဦးပျေ-ာက်ဆုံးနေ

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုကပြောကြားခဲ့သည်။ Shandong Youdao Chemical Co., Ltd. ၏အလုပ်ရုံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆမှု၌ လူ ၁၉ ဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းလည်း ဗျူရိုကပြောကြားခဲ့သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် ပျေ-ာက်ဆုံးသူများအားရှာဖွေခြင်း၊ ဒဏ်ရာရသူများကိုကုသပေးခြင်း၊ မိသားစုများအား နှစ်သိမ့်ပေးခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေစောင့်ကြည့်ခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ရန် ပူးတွဲကယ်ဆယ်ရေး ကွပ်ကဲမှုဗဟိုဌာနကိုထူထောင်ထားသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာရှိ ရှာဖွေရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်းသိရသည်။ မီးလေ-ာင်မှုသတင်းရရှိပြီးနောက် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏ တယ်လီဖုန်းဖြင့်နောက်ဆုံး‌ပြောဆိုစဉ် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြောင်းကိုလည်း သူက အတည်ပြုပြောကြားခဲ့သည်။ "အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်ပြီးညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟုလည်း၎င်းက ပြောကြားခဲ့သည်။ မေလ ၁၉ ရက် နေ့က တယ်လီဖုန်းဖြင့်ပြောဆိုရာ၌ ရုရှားသမ္မတပူတင်နှင့်အ‌မေရိကန်သမ္မတတို့သည် နှစ်ဖက်လုံးမှလူကိုးဦးပါဝင်သည့် အကျဉ်းသားလဲလှယ်ရေးကိုပါ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ ရုရှားနှင့်အမေရိကတို့သည် အဘူဒါဘီတွင် ဧပြီလ ၁၀ ရက်‌နေ့က ၎င်းတို့၏ နောက်ဆုံးအကျဉ်းသား လဲလှယ်မှုကို ပြုလုပ်ခဲ့ကြသည်။ အာရပ်စော်ဘွားများပြည်ထောင်စုမှ ကူညီဆောင်ရွက်ပေးသည့်အဆိုပါလဲလှယ်မှုတွင်...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိစ္စသည် ဆွေးနွေးမည့်အစီအစဉ်တစ်ရပ်ဖြစ်ဖွယ်ရှိသည်။ မက်ခရွန်သည် ဒေသတွင်းခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် ရောက်ရှိခြင်းဖြစ်ပြီး ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ သူသည်ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့် လက်ရှိမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမည့် နယ်ပယ်များနှင့်ပတ်သက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071