အထည်ချုပ်ဖယ်ရီကားတိမ်းမှောက်၍ အမျိုးသ မီး ၂၄ ဦးခန့်ဒဏ်ရာရခဲ့

0
155

ဧရာဝတီတိုင်း၊ပုသိမ်မြို့တွင် မတ် ၂၂ ရက်ညနေပိုင်းက အထည့်ချုပ်ဖယ်ရီကားတိမ်းမှောက်ခဲ့သည်ဟု ဘက်စုံလူမှုကူညီရေးအဖွဲ့-ပုသိမ်မှ သိရသည်။

ယနေ့ညနေပိုင်းက အထည်ချုပ်စက်ရုံမှအလုပ်သမားများအားတင်ဆောင်လာသည့် ဖယ်ရီကားသည် ပုသိမ်မြို့၊ဘုရားကြီးကုန်းလမ်းမှပေါက်ကုန်းအထွက်ရှိ တံတားအနီးတွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် အထည်ချုပ်အလုပ်သမား အမျိုး သမီး ၂၄ ဦးခန့်တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဘက်စုံလူမှုကူညီရေးအဖွဲ့-ပုသိမ်မှ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဖုန်းသတင်းရလို့ မိတ်ဖက်အသင်းတွေနဲ့အတူသွားပြီးကူညီပေးခဲ့ပါတယ် သေဆုံးသူမရှိပါဘူး ဒဏ်ရာရတဲ့လူတွေကလည်း ပွန်းပဲ့ဒဏ်ရာတွေလောက်ပါပဲ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်၊

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here