ရှီနှင့်ပူတင်တို့တွေ့ဆုံ​နေစဉ် ဇလန်းစကီး ကလည်း ကိဗ်ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံပါဝင်ရန်ဖိတ်ကြား

0
98

ယူကရိန်းသမ္မတ ဇလန်းစကီးက  ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ယူကရိန်းငြိမ်းချမ်းရေးဖော်မြူလာတွင် တရုတ်နိုင်ငံအားပါဝင်ရန် ယူကရိန်းက အကြံပြုထားကြောင်း အင်္ဂါနေ့ကပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်တရုတ်သမ္မတ ရှီကျင့်ဖျင်တို့မော်စကိုတွင်တွေ့ဆုံ​နေစဉ် ဇလန်းစကီး ၏ ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးဖော်မြူလာကို အကောင်အထည်ဖော်ရာမှာ မိတ်ဖက်နိုင်ငံအဖြစ် တရုတ်ကို ကမ်းလှမ်းထားပါတယ်။ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ တရုတ်ရဲ့အဖြေကိုလည်းစောင့်နေပါတယ်” ဟု
ဇလန်းစကီးက ပြောကြားခဲ့သည်။

ဇလန်းစကီးနှင့်ဂျပန်ဝန်ကြီးချုပ်ကီရှီဒါတို့​တွေ့အပြီး ပြုလုပ်​သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား​ပြောကြားခဲ့ခြင်းဖြစ်သည်။

Ref: wionews


LEAVE A REPLY

Please enter your comment!
Please enter your name here