အသက် ၇၉ နှစ်အရွယ် လန် အာဘရိုက်တန်နဲ့ ၇၈ နှစ်အရွယ် ရွန်နက် စတီရာတို့ဟာ ဆယ်ကျော်သက် အရွယ်မှာ မိဘတွေရဲ့ ကန့်ကွက်မှုကြောင့် နှစ် ၆၀ အကြာမှ လက်ထပ်နိုင်ခဲ့တဲ့ စုံတွဲဖြစ်ပါတယ်။
လန် နဲ့ ရွန်နက်ဟာ ၁၉၆၃ ခုနှစ်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာပါ။ သူတို့နှစ်ယောက်စလုံး ဗြိတိန်နိုင်ငံ၊ နူးပေါ့ စီရင်စုမှာရှိတဲ့ စိန့်
မေရီ ဆေးရုံမှာ သူနာပြု သင်တန်းတက်နေတဲ့ အချိန်ပေါ့။ အဲဒီချိန်တုန်းက လန်က ၁၉ နှစ်နဲ့ ရွန်နက်က ၁၈ နှစ်ပဲရှိပါသေးတယ်။
နှစ်ယောက်သား မြင်မြင်ချင်း ချစ်သွားခဲ့တဲ့အတွက် ရည်းစားဖြစ်ပြီး မကြာခင်မှာပဲ လန်က ရွန်နက်ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ရွန်နက်က လက်ခံခဲ့အတွက် လန်ဟာ ဩစတြေးလျကို ပြောင်းရွှေ့သွားပြီး မင်္ဂလာဆောင်ပြီးရင် အတူနေဖို့အတွက် အိမ်တစ်လုံး ပြင်ဆင်ပါတော့တယ်။
ဒါပေမယ့် အဲချိန်တုန်းက အသက် ၂၁ နှစ်ပြည့်မှ မင်္ဂလာဆောင်လို့ရတာပါ။ သုံးနှစ်တောင် လိုသေးနေတဲ့ ရွန်နက်ကို သူ့မိဘတွေက သူတို့အရိပ်အောက်က မလွှတ်နိုင်တဲ့အတွက် လန် ဆီကို လက်ထပ်ပွဲ ဖျက်သိမ်းတဲ့စာတစ်စောင် ပို့ပြီး လမ်းခွဲခဲ့ပါတော့တယ်။
ဒီလိုနဲ့ နှစ်ယောက်စလုံး အိမ်ထောင်တွေပြု၊ ကလေးတွေ မွေးပြီးတဲ့နောက် နှစ် ၅၀ ကျော်အကြာမှာ လန်ဟာ နူးပေါ့ စီရင်စုဆီ သွားပြီး ရွန်နက်ကို ပြန်သွားရှာခဲ့တယ်။ နှစ်ယောက်သား ပြန်လည်တွေ့ဆုံခဲ့ပေမယ့် ရွန်နက်ဟာ သူ့ခင်ပွန်းနဲ့ အတူ နေထိုင်နေတဲ့အတွက် ဒုတိယအကြိမ် လမ်းခွဲခဲ့ရပြန်တယ်။
ဒါပေမဲ့ ၂ နှစ်ကြာပြီးတဲ့နောက် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတဲ့အခါ ရွန်နက်ဟာ လန်ဆီ ပြန်ဆက်သွယ်ခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာတော့ ရွန်နက်ဟာ လန်နဲ့အတူ စတီဗင်နက်မြို့ဆီ ရွှေ့ပြောင်းပြီး နေထိုင်ခဲ့တယ်။
ဒီလိုနဲ့ ၂၀၂၂ ခုနှစ်မှာ လန်ဟာ ရွန်နက်ကို နောက်တစ်ကြိမ် လက်ထပ်ခွင့်တောင်းခဲ့ပြီး ဒီနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှာတော့ သူတို့နှစ်ယောက်စလုံးရဲ့ သားသမီး၊ မြေးမြစ်တွေနဲ့အတူ မင်္ဂလာပွဲကျင်းပခဲ့ပါတော့တယ်။
Source: Metro


