ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို မတ် ၂၃ ရက်နံနက် ၈ နာရီမှ မတ် ၂၆ ရက်အထိ ဆောင်ရွက်သွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ အသိပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်စဥ် သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု (၂၂၅ မဂ္ဂါဝပ်)ခန့် လျော့နည်းမည်ဟု YESC ကထုတ်ပြန်ထားသည်။
ယင်း လျော့နည်းသွားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများအတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်များမှ အစားထိုးဓာတ်အားထုတ်လုပ် ပို့လွှတ်သွားမည်ဖြစ်ခါ ဝန်အားထိန်းညှိရန်လိုအပ်ပါက ယာယီဝန်အားလျော့ချရခြင်းများပြုလုပ်သွားရမည်ဟု YESC ကမေတ္တာရပ်ခံထားသည်။
ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်လျက်ရှိသည့် ဓာတ်ငွေ့ပိုက်လိုင်းဖြစ်သည်။