ထိုင်းနိုင်ငံသို့ ရောက်ရှိတော်မူနေသည့် မိုင်းဖုန်းဆရာ တော်ကြီးသည် ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့သို့ အထူးရေယာဥ်ဖြင့် မတ်လ (၂၀) ရက်ညနေ (၄) နာရီခွဲက ကြွရောက်တော်မူခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီးသည် ကော့သောင်းမြို့ရှိ ဆောင်ပြည်တော်အေး စေတီတော်မြတ်ကြီးအား ဖူးမြှော်ကန် တော့ခဲ့ပြီး ကော့သောင်းမြို့နယ်ခန်းမတွင် လာရာက်ဖူးမြှော်ကန်တော့ကြသူများအား တရားဒေသနာတော်များဟောကြားတော်မူခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုင်းဖုန်း ဆရာတော်ကြီးသည် မတ် (၂၁) ရက်တွင် ကော့သောင်းမြို့နယ်အတွင်းရှိ ညောင်ဦးဖီးကျွန်း သို့လည်း ကြွရောက်ခဲ့ကြောင်း သိရသည်။



