Sunday, June 15, 2025

မနက်ဖြန် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားမည့် ယူ-၁၉...

အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဥ်အတွင်း ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ထိုင်းအသင်းသည်...

အမြန်လမ်းတွင် ကုန်တင်ကားနှစ်စီးတို-က် (၁)ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဇွန် ၁၅ ရက်နံနက် ၅ နာရီခန့်က ကုန်တင်ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ်...

ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေအိမ်များတွင် လူနေထိုင်ခွင့်...

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်၌ ရှိသည့် ကျောက်သေတ္တာခေါ် ကျောက်တုံးကြီး၏ ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူထိုင်ခဲ့ရသူများကို ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း...

အဲရ်အိန္ဒိယ လေယာဉ်ပျက်ကျမှု သေဆုံးသူ ၂၇၀...

   အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ခရီးစဥ်အမှတ် ၁၇၁ ပျက်ကျခဲ့၍ သေဆုံးသူမှာ ၂၇၀ ဦးထက်မနည်းရှိလာကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။         ကြာသပတေးနေ့က အာမက်ဒါဘတ်မှ လန်ဒန်...
HomeNewsLocal News၂၀၂၅ ခုနှစ်အထိ လျှပ်စစ်ကား...

၂၀၂၅ ခုနှစ်အထိ လျှပ်စစ်ကား (EV) များ လမ်း/ တံတား အသုံးပြုခွင့် ကင်းလွတ်ခွင့်ပြုမည်

လျှပ်စစ်ကား (EV) များလမ်း/တံတား အသုံးပြုခွင့်ကို လာမည့် ဧပြီ ၁ ရက်မှစတင်ပြီး ၂၀၂၅ ခုနှစ်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးက ပေါ်ပြူလာနယူးစ်သို့ အတည်ပြုပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတားများအခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်း တံတားအားလုံးတွင် လျှပ်စစ်သုံးယာဉ်များ လမ်းတံတား အသုံးပြုခကို ၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပြီး အသုံးပြုခကောက်ခံခြင်းမပြုသည့် အစီအစဉ်အား ယခု လာမည့် ဧပြီ ၁ ရက် မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ကင်းလွတ်ရရှိမည်ဖြစ်ပြီး ယင်းအတွက် ညွှန်ကြားချက်များရရှိထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း ပြည်ပမှ တင်သွင်းလာသည့်မော်တော်ယာဉ်များအပေါ်သတ်မှတ်ကောက်ခံသည့်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကိုလျှပ်စစ်စွမ်းအားသုံးမော်တော်ယာဉ်များ Battery Electric Vehicle (BEVs) အတွက် ကင်းလွတ်ခွင့်ပြုထားကြောင်း၊ အလားတူ လျှပ်စစ်သုံးမော်တော်ယာဉ်များအပေါ်၂၀၂၃-၂၀၂၅ အထိ ကနဦးမှတ်ပုံတင် သည့် ယာဉ်များအတွက် ၁၀၀ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ၊ ပစ္စည်းခွန် စသည်တို့အပေါ်တွင်လည်း အခွန်အခကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မနက်ဖြန် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်းအသင်း လေ့ကျင့်ပြင်ဆင်

အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဥ်အတွင်း ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ထိုင်းအသင်းသည် မြန်မာအသင်းအတွက် ပြိုင်ဘက်ကောင်းအသင်း တစ်သင်းဖြစ်သည့်အတွက် ဂရုစိုက်ပြင်ဆင်ရမည့် အခြေအနေဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအနေဖြင့် နှစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ကာထိုင်းအသင်းဖြင့် ထိပ်တို-က်တွေ့ဆုံကြခြင်းဖြစ်သည်။ ထိုင်း-မြန်မာ ဆီမီးဖိုင်နယ်ပွဲစဥ်ကို မနက်ဖြန် ဇွန်လ ၁၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန်၌ အိမ်ရှင် ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်း၊ ညနေ ၆...

အမြန်လမ်းတွင် ကုန်တင်ကားနှစ်စီးတို-က် (၁)ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဇွန် ၁၅ ရက်နံနက် ၅ နာရီခန့်က ကုန်တင်ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၉၇/၀ နှင့် ၁၉၇/၁ ကြားတွင် ရှေ့မှကုန်တင်ကားအား နောက်မှလိုက်ပါလာသည့် ကုန်တင်ကားမှဝင်တို-က်မိခဲ့ပြီး ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ ည-ပ်နေခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီးဖြစ်စဥ်ကြောင့် ‌ေ-သဆုံးသူတစ်ဦးနှင့် ထိခို-က်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိသူတစ်ဦးတို့အား နေပြည်တော်ကုတင်(၁,၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေအိမ်များတွင် လူနေထိုင်ခွင့် ပြန်လည်ခွင့်ပြု

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်၌ ရှိသည့် ကျောက်သေတ္တာခေါ် ကျောက်တုံးကြီး၏ ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူထိုင်ခဲ့ရသူများကို ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အန္တရာယ်ကြောင့် နေအိမ် (၇) လုံးနှင့် သစ္စာမြိုင်စာသင်တိုက်ကိုတော့ ပြောင်းရွှေ့ရန် ခွင့်မပြုထားကြောင်း သိရသည်။ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး ပြိုကျနိုင်ရန် ရာခိုင်နှုန်းများခဲ့သောကြောင့် အနီးနားရှိ မြို့ခံများ ပြောင်းရွှေ့နေထိုင်ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဘူမိဗေဒတိုင်းတာရေးလုပ်ငန်းများအပြင် နည်းပညာများ အသုံးပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071