အမေရိကကို တိုက်ရန် နိုင်ငံသားပေါင်း ၈ သိန်း နီးပါး တပ်ထဲဝင်သည်ဟု မြောက်ကိုရီးယားပြောလာ

0
171

မြောက်ကိုရီးယား နိုင်ငံသား ၈ သိန်းခန့်သည် အမေရိကန်နိုင်ငံနှင့် စစ်တိုက်ရန်အတွက် စစ်မှုထမ်းရန် သို့မဟုတ် တကျော့ပြန် စစ်မှုထမ်းရန်‌ေလျှာက်ထားကြောင်း မြောက်ကိုရီးယားက အခိုင်အမာဆိုလာသည်။

နိုင်ငံတစ်ဝန်းရှိ ကျောင်းသားနှင့် အလုပ်သမား ၈ သိန်းခန့်သည် သောကြာနေ့တစ်ရက်တည်းကိုပင် အမေရိကန်၏ ရန်စမှုကို တန်ပြန်ရန်အတွက် စစ်တပ်ထဲဝင်ရန် ‌ေလျှာက်ခဲ့ကြကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းစာ ရိုဒုန် ရှင်းမွန်းက မတ်လ ၁၈ ရက် စနေနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းသည် မြောက်ကိုရီးယားက အမေရိကနှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ကြာသပတေးနေ့တွင် ပစ်လွှတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ နျူလက်နက်အန္တရာယ်နှင့် ပတ်သက်၍ အမေရိက၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လာခဲ့အပေါ် မြောက်ကိုရီးယားဘက်မှ ပြန်လည်တုံ့ပြန်နေသောကြောင့် ကိုရီးယားကျွန်းဆွယ်ရှိ အခြေအနေများမှာ ပို၍ တင်းမာလာနေလျက်ရှိသည်။

Source:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here