ကမ္ဘာ့အကြီးဆုံး ဟယ်ရီပေါ်တာ မိုးလုံလေလုံ အပန်းဖြေပန်းခြံကို တိုကျိုမြို့၌ ဇွန်လတွင် ဖွင့်လှစ်သွားမည်

0
79

ဟယ်ရီပေါ်တာရုပ်ရှင် ကြိုက်နှစ်သက်သူများအတွက် ကမ္ဘာ့အကြီးဆုံး ဟယ်ရီပေါ်တာ မိုးလုံလေလုံ အပန်းဖြေပန်းခြံကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့ မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဝန်းနား ဘရို့စ်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ပန်းခြံသည် ဝန်းနားဘရို့စ် စတူဒီယိုက ဦးစီး ဆောက်လုပ်သော အာရှတိုက်၏ ပထမဆုံး ဟယ်ရီပေါ်တာ ပန်းခြံဖြစ်လာမည်ဖြစ်သည်။ ထိုပန်းခြံတွင် တိုကျိုအတွက် သီးသန့် ဖန်တီးပေးထားသော ပြပွဲပစ္စည်းအချို့သာမက ဟယ်ရီပေါ်တာ ရုပ်ရှင်တွင် အမြဲမြင်တွေ့ရသော ဟော့ဝပ် ရထားကြီးကိုပါ ထည့်သွင်းပေးထားကြောင်း သိရသည်။

တိုကျိုမြို့ရှိ ပေါ်တာ အပန်းဖြေပန်းခြံသည် လန်ဒန်တွင် ဆောက်ထားသော ပန်းခြံထက် ပိုကြီးမည်ဟု နစ်ကေး အေးရှား သတင်းစာက ဖော်ပြထားသည်။

လက်မှတ်တစ်စောင်လျှင် လူကြီးများအတွက် ဂျပန်ငွေ ယန်း ၆,၃၀၀ (၄၇ ဒေါ်လာ) ၊ အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား လူငယ်များအတွက် ယန်း ၅,၂၀၀ (၃၉ ဒေါ်လာ) နှင့် အသက် ၄ နှစ် ၁၁ နှစ်ကြား ကလေးများအတွက် ယန်း ၃,၈၀၀ (၂၈ ဒေါ်လာ) ကျသင့်မည်ဟု ဖော်ပြထားသည်။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here