Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeNewsLocal Newsဦးကျော်ဇေယျ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်...

ဦးကျော်ဇေယျ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီအနေဖြင့် နိုင်နိုင်ခြေများသည့် တိုင်း (၅) တိုင်းတွင် ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟုဆို

ရန်ကုန်တိုင်း လွှတ်တော်အမတ်ဟောင်း ဦးကျော်ဇေယျ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ အနေဖြင့် တိုင်း (၅) တိုင်းတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

၎င်းတို့ ပါတီအနေဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်သွားမည်ဟု ဦးကျော်ဇေယျက ပေါ်ပြူလာနယူး(စ်) ၏ မေးမြန်းမှုကို အတည်ပြု ပြောကြားခဲ့သည်။

” ဟုတ်တယ် ၊ တိုင်း (၅) တိုင်းကတော့ သေချာပြီ။ ပြည်ထောင်စုတစ်ဝန်းကြတော့ ကျွန်တော်တို့ ပြည်နယ်တွေကျတော့ သိပ်မသေချာဘူး။တိုင်း (၅) တိုင်းကတော့ ရန်ကုန် ၊ ပဲခူး၊ မန္တလေး ၊ ဧရာဝတီ ၊ မကွေး ။ အဲဒါတွေကတော့ ကျွန်တော်တို့ သေချာပေါက်ပြိုင်မှာ ။ ကျွန်တော်တို့ တာဝန်ခံတွေ ဖွဲ့ပြီးသွားပြီ” ဟု ဦးကျော်ဇေယျက ပြောသည်။

ယင်းကဲ့သို့ တိုင်း(၅) တိုင်းတွင်သာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ရခြင်းနှင့် ပတ်သက်၍ ပေါ်ပြူလာနယူး(စ်) ၏ မေးမြန်းမှုအပေါ် ‌ရွေးကောက်ပွဲ အနိုင်ရနိုင်ခြေများသည့်နေရာများတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

” မှန်တယ်။ ကျွန်တော်တို့ရဲ့ ပါတီက အခြေခံအားဖြင့်တော့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ထွက်လာတဲ့သူတွေနဲ့ အခြေခံပြီးဖွဲ့ထားတာ။ များသောအားဖြင့်က ရန်ကုန်တိုင်းတို့ တိုင်းဥက္ကဋ္ဌတွေ ကိုယ်တိုင်က (PPP) က ထွက်လိုက်တာ ၊ အရင်တုန်းက (PPP) ကပြိုင်ခဲ့တုန်းကလည်း ကိုယ်စားလှယ်အရေအတွက်ကလည်း အဲဒီ တိုင်း (၅) တိုင်းမှာပဲ များတာ။ အဲဒါကို အခြေခံပြီးတော့ သေချာတဲ့နေရာပဲလို့ ကျွန်တော်ပြောတာ” ဟု ဦးကျော်ဇေယျက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးပါတီကို ဦးနေမျိုးဝေ ဦးဆောင်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီနှင့် ပူးပေါင်းကာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ပါတီဦးဆောင်သူ (၁၅) ဦး၏ စာရင်းအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြကာ ပါတီမှတ်ပုံတင် လျှောက်ထားပြီးဖြစ်ကြောင်းနှင့် ပါတီ ပထမခေါင်းဆောင်အဖြစ် ၎င်းက တာဝန်ယူမည်ဖြစ်ပြီး ဒုတိယ ခေါင်းဆောင်အနေဖြင့် မတူကွဲပြားခြင်းနှင့် စည်းလုံးညီညွတ်ရေးပါတီမှ ဒေါ်စန္ဒာဦးက တာဝန်ယူမည်ဖြစ်ကြောင်း ဦးကျော်ဇေယျ၏ ပြောကြားချက်အရ သိရသ ည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုအဆင့် ရပ်တည်မည့် ပါတီများ အနေဖြင့် ပါတီဝင် အင်အား (၁) သိန်း ရှိရမည်ဖြစ်ပြီး ပြည်ထောင်စုတဝန်းလုံးရှိ မဲဆန္ဒနယ် အားလုံး၏ ထက်ဝက်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဟု ပြဌာန်းထားခြင်း ဖြစ်သည်။

ထို့အပြင် ပါတီမှတ်ပုံတင် နည်းဥပဒေသစ်အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့် ပါတီများအနေ ဖြင့် (၂) လအတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ပါတီ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ပါတီများအနေဖြင့် ပူးပေါင်းကာ ပါတီအသစ်တစ်ခုအနေဖြင့် သော်လည်းကောင်း ၊ ယခင်ရှိပြီးသား ပါတီတစ်ခု၏ အမည်ဖြင့်သော်လည်းကောင်း ပါတီမှတ်ပုံတင် လျှောက်ထားနိုင်ကြောင်း ပြဌာန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071