Looking for something?

Explore the website

Looking for something?

Thursday, May 29, 2025

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်...

ငလျင်ဘေးအလှူငွေ ဒုတိယအကြိမ်တွင် ငွေကျပ်(၁၃၁)ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရရှိ

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက...

ထရမ့်က ကနေဒါအနေဖြင့် Golden Dome...

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့်...

လမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသား ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မေ ၂၈ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊...
HomeMoviesရွာထဲမှ ၃ ဦးအား...

ရွာထဲမှ ၃ ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာအထွက်တွင်သေနတ်ဖြင့်ပစ်သတ်ခဲ့

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကျီးပင်ကန်ကျေး ရွာနေ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား လက်နက်ကိုင်အဖွဲ့ဝင်များက မတ် ၁၂ ရက် (ယနေ့)နံနက်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က လက်နက်ကိုင်အဖွဲ့ဝင် ၇ ဦးသည် မြင်းခြံမြို့နယ်၊ကျီးပင်ကန်ကျေးရွာသို့ရောက်ရှိလာပြီးနောက် ကျေးရွာနေ ဦးညွှန့်ဇော်(၄၅)နှစ်၊ဦးကျော်ဌေး(၆၅)နှစ်နှင့်ဒေါ်ခင်အေး(၆၅)နှစ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

ကျီးပင်ကန်ကျေးရွာ မြောက်ဘက်အထွက်အရောက် ဖမ်းဆီးခေါ်ဆောင်လာသူ ၃ ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ဦးညွှန့်ဇော်၏ နဖူးတွင်ကျည်ဖောက်ဝင်၊ဦးကျော်ဌေး၏ နဖူးနှင့်ပါးစပ်တို့တွင်ကျည်ဖောက်ဝင်နှင့် ဒေါ်ခင်အေး၏ ဦးခေါင်းတွင်ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်သိသိချင်းကယ်တင်ဖို့ကြိုးစားခဲ့ပါတယ် သေဆုံးတဲ့လူတွေနားကနေ 9 mm Luger ကျည်ခွံတွေသိမ်းဆည်းရမိခဲ့ပါတယ် သေဆုံးသူ ၃ ယောက်မှာ ဦးညွှန့်ဇော်က စျေးရောင်းတယ်။ ဦးကျော်ဌေးက တောင်သူ ၊ဒေါ်ခင်အေးကတော့ မှီခိုပေါ့ ။ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခုတွင်ထိခိုက်မှုရှိခဲ့ပြီး (၆)ခုမှာပြင်းထန်စွာခံစားခဲ့ရပြီး နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုရှိ ရပ်ကွက်(၃၇၄) ခု၊ ကျေးရွာအုပ်စု(၉၄၄)စု၊ ကျေးရွာ(၂၀၈၁)ရွာ၊ အိမ်ထောင်စု(၁၆၂၁၆၇)စု၊ လူဦးရေ(၅၀၆၀၆၉)ဦးဘေးသင့်ခဲ့သည်ဟု ပြောသည်။ " ‌ေ-သဆုံးသူ(၃၇၃၉)ယောက်၊ ပျောက်ဆုံးသူ(၆၈) ယောက်နဲ့၊ ဒဏ်ရာရသူ(၅၁၀၄)ယောက်ရှိပါတယ်။ ဒါ့အပြင်...

ငလျင်ဘေးအလှူငွေ ဒုတိယအကြိမ်တွင် ငွေကျပ်(၁၃၁)ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရရှိ

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ပြုလုပ်သည့် ဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲတွင် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ အလှူငွေပေးအပ်ပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အလှူရှင်များမှပေးအပ်လှူဒါန်းသည့် အလှူငွေများကိုလက်ခံရယူခဲ့သည်။ ဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲတွင် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အိမ်ခန်း(၁၆)ခန်းပါ (၄)ခန်းတွဲ (၄)ထပ်တိုက်အဆောက်အဦတစ်လုံးလျင် ငွေကျပ်သိန်း(၂၀၀၀၀)နှုန်းဖြင့် အလုံးပေါင်း(၅၁)လုံးအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ်(၁၃၁ ဒသမ ၅၃)ဘီလီယံနှင့် အမေရိကန်ဒေါ်လာ(၂၃၁၄၉၀၀)သန်းကို လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ အခမ်းအနားတွင် နစကဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် "...

ထရမ့်က ကနေဒါအနေဖြင့် Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ ၆၁ ဘီလီယံ ပေးရမည် သို့မဟုတ် ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာလျှင်မူ တစ်ပြားမှ‌ပေးစရာမလိုဟုဆို

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့် ဒေါ်လာ ၆၁ ဘီလီယံ ပေးချေရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ သူ၏ TruthSocial လူမှုကွန်ရက်စာမျက်နှာတွင် ထရမ့်က ကနေဒါသည် "ကနေဒါသည် ကျွန်ုပ်တို့၏ ထူးခြားလှသော Golden Dome စနစ်တွင် အလွန်ပါဝင်လိုနေပြီး" အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းပါက အခမဲ့ ရရှိမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပြုထားသော ကာကွယ်ရေးစနစ်တွင် ပါဝင်ခြင်းသည် ကနေဒါအတွက် "ကျွန်ုပ်တို့၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071