၂၀၂၄ အမျိုးသမီး ယူ -၂၀ ပြိုင်ပွဲ ခြေစစ်ပွဲ၀င်နေသည့် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ပထမအဆင့် ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ကြောင်း သိရသည်။
ယနေ့ မလေးရှားအသင်းနှင့် ယှဉ်ပြိုင်သည့်ပွဲတွင် မြန်မာအမျိုးသမီးအသင်းက ၃ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု ပထမဖြင့် အာရှအမျိုးသမီး ယူ – ၂၀ ပထမအဆင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် အိမ်ရှင်အဖြစ် မတ်လ ၈ ရက် ၁၂ ရက်အထိ ကျင်းပမည့်အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G) တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
အိမ်ရှင်ဖြစ်သည့် ကမ္ဘောဒီးယားအသင်းနှင့် မတ်လ ၈ ရက်က ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။