Monday, June 1, 2026

Anhui ပြည်နယ် — သဘာဝအလှ၊...

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E....

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt....

​အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar...

​၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊...
HomeNewsLocal Newsမြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း၏ ခွင့်ပြုချက်မရဘဲ တေးသီချင်းများအား...

မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း၏ ခွင့်ပြုချက်မရဘဲ တေးသီချင်းများအား ကိုယ်ကျိုးအသုံးပြုသူများကို ဥပဒေအရအရေးယူသွားမည်

မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း၏ ခွင့်ပြုချက်မရဘဲ တေးသီချင်းများအား ကိုယ်ကျိုးအတွက်အသုံးပြုမှုများရှိနေသဖြင့် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ် လုပ်သူများအသင်း၏ အဖွဲ့ဝင်များမှ ထုတ်လုပ်သည့် တေးသီချင်းများ၊အရုပ်/အသံ ဖော်ပြပါရှိသော Audio CD, MTV, VCD, DVD(Karaoke)များကို Online စနစ်၊ Offline စနစ်၊အခကြေးငွေ၊အခ မဲ့၊ Download ရယူ၍အသုံးပြုနိုင်ရန် ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် Karaoke စက်များ၊ Mobile Application များ၊ Digital Platform များ၊ Internet Website များဖြင့် အခကြေးငွေရ ယူကာ စီးပွားဖြစ်ရောင်းချလျက်ရှိသည်။

တေးစီးရီးသာထွက်ပြီး MTV Karaoke, Music Video တရားဝင်ထွက်ရှိခြင်းမရှိသည့် တေးသီချင်းများကိုလည်း နည်းပညာအသုံးပြု၍ Karaoke အဖြစ် သီဆိုအသုံးပြုနိုင်ရန် စာသားရေးထိုးဖော်ပြထားသည့်(Lyric Video)များ၊ လှုပ်ရှားပုံရိပ်များ၊ထည့်သွင်းဖန်တီးထားသော Animation Video များဖန်တီးကာ ဖြန့်ဖြူးရောင်းချလျက်ရှိသည်ကိုလည်း တွေ့​နေရသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လုပ်ဆောင်ခြင်းဖြစ်၍ တေးထုတ်လုပ်သူများ ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကျိုးစီးပွားများ၊မူပိုင် ခွင့်ဆိုင်ရာအကျိုးစီးပွားများ ထိခိုက် သည်ဟု အသိပေးထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ် လုပ်သူများအသင်းမှ အသင်းဝင်ထုတ်လုပ်သူတို့ ၏ တေးသီချင်းများပါဝင်ပါက ကြေညာပါသည့်နေ့မှရက်ပေါင်း ၃၀ အတွင်းဆက်သွယ်၍ သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီခွင့်ပြု ချက်ရယူတောင်းခံအသုံးပြုရမည်ဟု အသိပေးခဲ့သည်။

သတ်မှတ်ထားသည့်နေ့ရက်ကျော်လွန်သည်အထိ ဆက်သွယ်ဆောင်ရွက်ခြင်းမရှိဘဲ ခွင့်ပြုချက်မဲ့ ဆက်လက်အသုံးပြုပါက ထုတ်လုပ်သူတို့၏ အကျိုးစီးပွားနစ်နာမှုများ၊အနုပညာပစ္စည်းအလွဲသုံးမှုများအတွက် ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု အသိပေးခဲ့သည်။

မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်းအား Audio CD, MTV, VCD, DVD(Karaoke) များတွင်ပါဝင်သည့် အရုပ်အသံပူးတွဲဖော်ပြထားသည့် တေးသီချင်းများအားအလွဲသုံး၍ ကိုယ် ကျိုးစီးပွားအတွက် အသုံးပြုမှုများကိုကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ တေးထုတ်လုပ်ရေး ၂၈ ခုဖြင့် ၂၀၂၀ ပြည့်နှစ်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Anhui ပြည်နယ် — သဘာဝအလှ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတို့ ပေါင်းစည်းရာဒေသ

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui ပြည်နယ်၏ Fuyang မြို့သည် စက်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုနေသည့် မြို့တစ်မြို့ဖြစ်သည်။ Fuyang Zhigu Industrial Park တွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာနေသည်ကို မြင်တွေ့ရသည်။ Huashiyadi Silk Museum တွင်လည်း တရုတ်နိုင်ငံ၏ ရိုးရာပိုးထည်လုပ်ငန်းသမိုင်းနှင့် ခေတ်မီစက်မှုထုတ်လုပ်ရေးစနစ်တို့ကို ပေါင်းစပ်ထားပုံကို လေ့လာနိုင်ခဲ့သည်။ Shuangqing...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တွေ့ဆုံကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေး မြန်မာ-အိ န္ဒိယ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့ ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Hyderabad House တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေးအရဆက်ဆံရေး၊ ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန်အရေးကြီးကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-အိန္ဒိယဆွေးနွေးလျက်ရှိသည့် နားလည် မှုစာချွန်လွှာများ၏...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu တွေ့ဆုံ

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu နှင့် အိန္ဒိယနိုင်ငံသမ္မတအိမ်တော် ဧည့်ခန်းမ၌ ယနေ့ ဇွန် ၁ ရက်ကတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့်အပြည့်အဝထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံကြားပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများသတ်မှတ်ကာလအတွင်းပြီးစီးရေးဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုး တက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအ နေများ၊ နှစ်နိုင်ငံကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071