စင်ကာပူနိုင်ငံသားတစ်ဦး ဗိုလ်တထောင်မြို့နယ်ရှိ Time Square ကွန်ဒိုပေါ်မှပြုတ်ကျသေဆုံး

0
634

ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်ရှိ Time Square ကွန်ဒိုပေါ်မှ အသက်(၂၉)နှစ်အရွယ်ခန့်ရှိ စင်ကာပူနိုင်ငံသားတစ်ဦး မတ် ၆ ရက်(ယနေ့) မွန်းလွဲပိုင်းက ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲကျော်ခန့်က ကုန်သည်လမ်းနှင့်စျေးလမ်းထောင့်ရှိ Time Square ကွန်ဒိုပေါ်မှ အမျိုးသားတစ်ဦးပြုတ်ကျသွားကြောင်း သတင်းအရ လင်းလက်လူမှုကူညီရေးအသင်နှင့်မိတ်ဖက်အသင်းများက ကူညီကယ်ဆယ်ရန်သွားရောက်ခဲ့ကြသည်။

“အခင်းဖြစ်နေရာကိုရောက်တဲ့အချိန်မှာ ပြုတ်ကျတဲ့လူကို ရန်ကုန်(အရှေ့ပိုင်း)ဆေးရုံပို့လိုက်ပြီလို့ပြောတယ် ဆေးရုံဆက်လိုက်သွားတော့ ပြုတ်ကျတဲ့စင်ကာပူနိုင်ငံသားက သေဆုံးနေပါပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကွန်ဒိုပေါ်မှပြုတ်ကျသည့်အရှိန်ကြောင့် စင်ကာပူနိုင်ငံသားမှာ အရိုးကျိုး၍ ခြေချင်းဝတ်ပေါက်ထွက်ကာ ထိခိုက်ဒဏ်ရာများရရှိ၍ ရန်ကုန်(အ ရှေ့ပိုင်း)ဆေးရုံအရောက်၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား လင်းလက်လူမှုကူညီရေးအ သင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်ကို ဗိုလ်တထောင်ရဲစခန်းက တာဝန်ရှိတဲ့လူတွေကစစ်ဆေးနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here