နိုင်ပွဲဆက်ခဲ့တဲ့ ရှမ်းယူနိုက်တက်နဲ့ ဒဂုံစတားယူနိုက်တက် 

0
883

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် (၃) အစောပွဲစဉ်တွေအဖြစ် ဧရာဝတီယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နဲ့ မဟာယူနိုက်တက်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။

သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဧရာ၀တီယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်တို့ ပွဲစဉ်မှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၃ ပွဲဆက် နိုင်ပွဲရရှိခဲ့ပေမယ့် ဧရာ၀တီယူနိုက်တက်ကတော့ နိုင်ပွဲရရှိထားခြင်းမရှိသေးပါဘူး။

YUSC ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒဂုံစတားယူနိုက်တက်နဲ့ မဟာယူနိုက်တက်အသင်းပွဲစဉ်မှာတော့ ဒဂုံစတားယူနိုက်တက်က ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ၂ ပွဲဆက်နိုင်ပွဲရခဲ့ပါတယ်။

ယခုနှစ်မှ မြန်မာနေရှင်နယ်လိဂ်ကိို တန်းတက်လာတဲ့ ဒဂုံစတားယူနိုက်တက်ရဲ့ ခြေစွမ်းဟာ တစ်ပွဲထက်တစ်ပွဲပိုမိုတိုးတက်လာတာကို မြင်တွေ့ခဲ့ရပြီး ယခုနှစ်မှာ စောင့်ကြည့်ရမယ့်အသင်းတွေထဲက အသင်းတစ်သင်းအဖြစ် ပါ၀င်လာပါတယ်။ 

မနက်ဖြန်မှာတော့ ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် (၃) အဖြစ် ISPE အား/ကာသိပ္ပံ နဲ့ မြဝတီတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here