Looking for something?

Explore the website

Looking for something?

Thursday, May 22, 2025

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို...

လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက်...

လျှပ်စစ်သုံးယာဉ် (EV) များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆွေးနွေးနေသည်။ ယင်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မေ(၂၁)ရက်က အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)...

အမေရိကန်တွင် ‌ေ-သဆုံးခဲ့သော သံတမန်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်...

အမေရိကန်ပြည်ထောင်စုတွင် အစ္စရေးသံတမန်နှစ်ဦး လုပ်-ကြံခံရပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ သံရုံးအဆောက်အအုံများတွင် အစ္စရေးအလံများကို တိုင်တစ်ဝက်ချလွှင့်ထူထားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က...

ဘက်တီးရီးယားများကိုအသုံးပြု၍လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်တရုတ်

မေ ၂၂ တရုတ်နိုင်ငံရှိ သုတေသနပညာရှင်များသည် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်နိုင်ပြီး အကြိမ်ပေါင်း များစွာ အလိုအလျောက်အားပြန်သွင်းနိုင်သည့်ဘက်တီးရီးယားများကိုအခြေခံထားသော ဇီဝဘက်ထရီ ပုံစံသစ်ကို တီထွင်ခဲ့သည်။ သေးငယ်သော ဇီဝဘက်ထရီများအတွက် ဤအဓိကအရေးကြီးသော ရှာဖွေတွေ့ရှိမှုကို...
HomeNewsLocal Newsကျောက်မြောင်းတွင် မုန့်ဆင်းဝယ်ရာမှ ပျောက်ဆုံးသွားသည့်...

ကျောက်မြောင်းတွင် မုန့်ဆင်းဝယ်ရာမှ ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်ကို နေပြည်တော်တွင် ပြန်တွေ့

ဖေဖေါ်ဝါရီ (၂၈) ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ ကျောက်မြောင်းရပ်ကွက်တွင် နေအိမ်မှ မုန့်ဆင်းဝယ်စဉ် ပျောက်ဆုံးသွားသည့် (၁၃) နှစ်အရွယ် အမျိုးသမီးငယ်ကို နေပြည်တော်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖခင်ဖြစ်သူထံမှ သိရသည်။

ဖေဖော်ဝါရီ (၂၈) ရက် မွန်းလွဲ (၂) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် ကျောက်မြောင်းရပ်ကွက်ရှိ (၈)လွှာ တိုက်ခန်းမှ မျက်နှာချင်းဆိုင်ရှိ မုန့်ဆိုင်တွင် မုန့်ဆင်းဝယ်ရာမှ ကားတစ်စီးပေါ်သို့ ပါသွားခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူက ပေါ်ပြူလာ နယူး(စ်) သို့ အခင်းဖြစ်ညတွင် ပြောကြားထားသည်။

အဆိုပါ ကားအား CCTV မှတ်တမ်းများမှတဆင့် လိုက်လံစုံစမ်းရှာဖွေခဲ့ရာ နေပြည်တော်ဘက်သို့ မောင်းနှင်သွားကြောင်း သိရသဖြင့် လိုက်လံရှာဖွေစုံစမ်းခဲ့ရာမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြန်တွေ့သွားပါပြီခင်ဗျ။ နေပြည်တော်ဘက်မှာပါ။ အခုပြန်ခေါ်လာပြီး ကျွန်တော်တို့ ပြန်လာနေပါပြီ။ အခု ကျွန်တော်တို့ လက်ထဲမှာပဲရှိပါတယ်။ ပြန်တွေ့ပါပြီ” ဟု ဖခင်ဖြစ်သူက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

အဆိုပါ အမျိုးသမီးငယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်တွင် လမ်းခုလတ်၌ဖြစ်နေ၍ ပြောကြားရန် အဆင်မပြေသေးသည့်အတွက် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမှသာ ပြောကြားပေးမည်ဟုလည်း ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်နှင့် မန္တလေးတွင် ကလေးငယ်ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၂) ရက်ကလည်း မန္တလေးမြို့တွင် အသက်(၇) နှစ်အရွယ်ကလေးငယ်တစ်ဦး ကျူရှင်သွားရာမှ ပျောက်ဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို “ထူးထူးခြားခြား တိုးတက်မှု” အဖြစ် ဖော်ပြခဲ့ပြီး အဓိက ပါဝင်ပတ်သက်နေသူအားလုံးနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုကို ကိုးကားပြီး ပြောကြားခဲ့သည်။ မလေးရှားသည် အာဆီယံက ချမှတ်ထားသော အချက် ငါးချက်ပါ သဘောတူညီချက် နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံတွင်အားလုံးပါဝင်သောဆွေးနွေးပွဲများ ဖြစ်မြောက်ရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိုမိုကောင်းမွန်စွာရရှိရေးတို့အတွက် တက်ကြွစွာ တွန်းအားပေးလုပ်ဆောင်နေကြောင်း...

လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် ဆွေးနွေး

လျှပ်စစ်သုံးယာဉ် (EV) များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆွေးနွေးနေသည်။ ယင်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မေ(၂၁)ရက်က အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်) စုဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ် ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ (မူကြမ်း) ပေါ်ထွက်လာရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသူများကလည်း မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ (မူကြမ်း) နှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်လိုသည်များကို အကြံပြုဆွေးနွေးကြသည်။ လက်ရှိတွင်လည်း ပြည်ပနိုင်ငံများတွင် အသုံးပြုပြီးသော လျှပ်စစ်သုံးယာဉ်(EV)မှ ထွက်ရှိသည့်...

အမေရိကန်တွင် ‌ေ-သဆုံးခဲ့သော သံတမန်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အစ္စရေးသံရုံးများတွင် အလံများ တိုင်တစ်ဝက်ချထားမည်

အမေရိကန်ပြည်ထောင်စုတွင် အစ္စရေးသံတမန်နှစ်ဦး လုပ်-ကြံခံရပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ သံရုံးအဆောက်အအုံများတွင် အစ္စရေးအလံများကို တိုင်တစ်ဝက်ချလွှင့်ထူထားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ပြောကြားခဲ့သည်။ “ဂျေရုဆလင်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကမ္ဘာတစ်ဝန်းရှိ အစ္စရေးသံရုံးတွေဟာ ကျွန်တော်တို့ ဝန်ထမ်းတွေ အသ--တ်ခံရပြီးနောက် သူတို့ရဲ့အလံတွေကို တိုင်တစ်ဝက်ချထားမှာပါ” ဟု သူက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ ကွယ်လွန်သွားသော သံရုံးဝန်ထမ်းများသည် Yaron Lischinsky နှင့် Sarah Milgrim တို့ဖြစ်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။ ယင်းမတိုင်မီ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071