Friday, May 23, 2025

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...
HomeNewsLocal Newsမကွေးတိုင်း ဒေသကြီးသို့ပို့မည့် လက်နက်ခဲယမ်းများနှင့်...

မကွေးတိုင်း ဒေသကြီးသို့ပို့မည့် လက်နက်ခဲယမ်းများနှင့် သယ်ဆောင်လာသူများ မွန်ပြည်နယ်အတွင်း ဖမ်းဆီးခံရ

မကွေးတိုင်းဒေသကြီး မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ PDF များထံ ပို့ဆောင်ရန် သယ်ဆောင်လာသည့် သေနတ် အလက် (၂၀) နှင့် ကျည်ဆံများကို သယ်ဆောင်လာသူ (၂) ဦးကို မွန်ပြည်နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း နစကက သတင်း ထုတ်ပြန်သည်။

ယမန်နေ့ ဖေဖေါ်ဝါရီ (၂၇) ရက် ညပိုင်း ထုတ်ပြန်သည့် နစက၏ သတင်းထုတ်ပြန်ချက်အရ သထုံမြို့မှ မော်လမြိုင်မြို့ဘက်သို့ ဇော်လွင်ဦး (ခ) ဥူးတေဘာသနှင့် ယာ ဉ်မောင်း ဝင်းဇော်တို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ကျိုက်ထိုမြို့အထွက်တွင် စစ်ဆေးရာမှ ယခုလို ဖ မ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်သယ်ဆောင်သူများနှင့်  လက်နက်ခဲယမိးများကို ဖေဖေါ်ဝါရီ (၂၄)ရက် နံနက်ပိုင်းက ကော့ကရိတ်-သထုံကားလမ်း၊ သထုံမြို့အထွက် ကားဂိတ်မှ မော်လမြိုင်ဘက်ကို မောင်းလာသည့် ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ရာမှ MK-12 သေနတ် (၂) လက်၊ M-4 ကာဘိုင် (၂) လ က်၊ M-16 သေနတ် (၁) လက်၊ ပွိုင့်-၃၈၀ ရိုင်ဖယ် (၁) လ က်၊ AK- 47 သေနတ် (၁) လက်၊ Glock ပစ္စတို (၁၀) လက်၊ Sigsauer ပစ္စတို (၃) လက်၊ ကျည်မျိုးစုံ (၃၉၈၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၄၆) ခု၊ ရီမုခလုတ် (၄၉) ခုတို့ကို ဖမ်း ဆီးရမိခဲ့‌ေကြာင်း သိရသည်။

စစ်ဆေးချက်များအရ ၎င်းတို့ နှစ်ဦးသည် KNLA တပ်မ ဟာ (၆) နယ်မြေမှ ဝယ်ယူလာသည့် ဒီလက်နက်ခဲယမ်းများကို မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ PDF အဖွဲ့များမှ ရဲသော်တာ (ခ) ကျောက်တိုင် ၊ ဗိုလ်လက်ယာနဲ့ မြိုင်ကြီး (ခ) ယက္ခတို့ထံ  အခကြေးငွေဖြင့် ပို့ဆောင်ပေးရန် သယ် ဆောင်လာခြင်း ဖြစ်ပြီး ယခင်ကလည်း ပို့ဆောင်ခဲ့ဖူးကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယ မ်းများအား မွေ့ယာ၊ မြက်ဖျာများ၊ အဝတ်အစားဘေထု ပ်အိတ်များနှင့် မုန့်ပုံးများအတွင်း၌ ထည့်သွင်းသိုဝှက်၍ ခရီးသည်တင်ကားများဖြင့်ပို့ဆောင်ခြင်း၊ လိုင်စင်မဲ့မော် တော်ယာဉ်များအား သာသနာပိုင်ယာဉ်၊ လူမှုကယ်ဆယ်ရေးယာဉ် နံပါတ်ပြားများ တပ်ဆင်၍ ပုံမှားရိုက်ခရီးသွားဟန်လွဲ ပြုလုပ်ပို့ဆောင်ခြင်း၊ ယာဉ်အောက်ကြမ်းခင်းများအတွင်း အံဝှက်များပြုလုပ်၍ ထည့်သွင်းပို့ဆောင်ကာ လမ်းကြောင်းတစ်လျှောက် အဆင့်ဆင့်လက်ပြောင်း လက်လွှဲပြုလုပ်၍ လျှို့ဝှက်စွာသယ်ဆောင်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဦးမှု သတင်းရယူကာ စနစ်တကျ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရော က်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု အစိုးရစာတစ်‌ေစာင်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ နည်းပညာဝန်ကြီးဌာန တယ်လီကွန်းဌာန ဒုတိယအကြီးအကဲက မေလ ၂၁ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုးထားသော အဆိုပါ စာရွက်စာတမ်းတွင် တယ်လီဂရမ်ကို ပိတ်ပင်အရေးယူရန်နှင့် ဇွန်လ ၂ ရက်‌ေန့ကို နောက်ဆုံးထား၍ ဝန်ကြီးဌာနသို့ သတင်းပို့ရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထားသည်။ ဗီယက်နမ်နိုင်ငံတွင် တယ်လီဂရမ်၏ လုပ်ဆောင်ချက်များကို ဟန့်တားရန်အတွက်...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ကြီးနှင့် တပည့်သာဝကများက သွားရောက်လှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင် မန္တလေးမြို့သို့ ကြွရောက်တော်မူခြင်း ဖြစ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တစ်တိုင်းလုံးရှိ ဆေးရုံများသို့ အောက်စီဂျင်စက် အလုံး (၁၀၀) လှူဒါန်းခြင်း၊ မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း (၁,၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီးသည် Win Unity Hotel ရှေ့တွင်ငလျင်ဘေးသင့် မန္တလေးပြည်သူများသို့ (၂) ပြည်အိတ်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄% မှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျ-က်စီးနေ

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ "ဂါဇာကမ်းမြှောင်ရှိ ဆေးရုံ ၃၆ ခုအနက် ၁၉ ခုသာ ဆက်လက်လည်ပတ်နေပြီး၊ ကျန်ရှိနေသေးသည့် လူနာများအတွက် အခြေခံစောင့်ရှောက်မှုပေးနေသည့် ထောက်ပံ့ရေးပစ္စည်း ပြတ်လပ်မှုများ၊ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု၊ လုံခြုံရေး မတည်ငြိမ်မှုများ နှင့် ‌ေ-သဆုံးဒဏ်ရာရသူများ တိုးပွားလာမှုတို့ကြောင့် ဝန်ထမ်းများသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071