Sunday, June 15, 2025

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)...

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...
HomeNewsLocal NewsAA နှင့် ဆက်နွယ်သူများကို...

AA နှင့် ဆက်နွယ်သူများကို ပြန်လွှတ်ပေးရန် နှောင့်နှေးနေသည်ဆိုသည့် ပြောဆိုမှုမှာ တစ်ဖက်သတ် စွတ်စွဲချက်သာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ULA/AA နှင့် ပတ်သက်ဆက်နွယ်မှုကြောင့် ဖမ်းဆီးခံ ထားရသည့် အရပ်သားပြည်သူများကို နစက အနေဖြင့် ပြန်လွှတ်ပေးရန် နှောင့်နှေးနေသည်ဆိုသည့် ပြောဆိုမှုသည် တစ်ဖက်သတ်ဆန်သည့် စွပ်စွဲချက်သာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဖေဖေါ်ဝါရီ (၂၇) ရက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေသည့် အချိန်နှင့် အချိန်ကိုက်ပြုလုပ်ခဲ့သည့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက အနေဖြင့် ULA/AA နှင့် ပတ်သက်ဆက်နွယ်သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးကာ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ထားသူများကို လွတ်ငြိမ်းချမ်းသာခွင့် ပြန်လွှတ်ပေးလျက်ရှိပြီး လက်ရှိတွင် (၁၂၅) ဦး ပြစ်ဒဏ်လွတ်ငြိ မ်းခွင့်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

” ULA/AA အနေနဲ့ သူတို့ဆီကနေ သူတို့နဲ့ ပတ်သက်လို့  ကျွန်တော်တို့ ဖမ်းဆီးထားတဲ့ သူတွေကို ကျွန်တော်တို့ လွတ်မပေးဘူးဆိုတဲ့ဟာ တစ်ဖက်သတ်စွတ်စွဲတာမျိုး တွေ့ရတယ်” ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နစက အစိုးရအနေဖြင့် ULA/AA နှင့် ဆက်နွယ်မှုကြောင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့ရာတွင် NCA (၆) နှစ်ပြည့်နေ့၌ (၆၁) ဦး ၊ စိန်ရတု ပြည်ထောင်စုနေ့တွင် (၄၆) ဦး ၊ အမျိုးသားနေ့တွင် (၁၇) ဦးကို ပြစ်ဒဏ် လွတ် ငြိမ်းခွင့်ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်း ကဆိုသည်။

ထို့အပြင် KIA ၊ TNLA၊ MNDAA ၊ RCSS၊ KNU၊ SSPP စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်နွယ်၍ တရားစွဲဆို ခံထားရသူ စုစုပေါင်း (၂၀၅) ဦးကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

AA နှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၂ ခုနှစ်အတွ င်း တကျော့ပြန်စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းများက အပြန်အလှန်ဖမ်းဆီးမှုများ ရှိခဲ့ပြီး အချို့မှာ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် နှစ်ဖက်အဖွဲ့အစည်းများနှင့် နီးစပ်သူများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေသည့် မြန်မာ့တ ပ်မတော်နှင့် AA တို့အကြား မစ္စတာဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင် ဘာ လကုန်ပိုင်းတွင် အလွတ်သဘော အပစ်အခတ်ရပ်စဲခဲ့ကြသည့်အတွက် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ စစ်ရေးအခြေအနေ တည်ငြိမ်လျက်ရှိ​နေသည်။

ယင်းခဲ့သို့ နှစ်ဖက်အလွတ်သဘော အပစ်အခတ်ရပ်စဲထားချိန်တွင် မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်နေသည်ဟု ပြောဆိုမှုများ ရှိနေပြီး ယင်းကဲ့သို့ ပြောဆိုမှုများမှာ ရခိုင်ပြည်သူလူထု အထင်အမြင်လွဲမှားစေရန်အတွက် တစ်ဖက်သတ်ပြောဆိုမှုများသာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

” တပ်မတော်အနေဲ့ ရခိုင်ပြည်နယ်မှာ စစ်အင်အားတွေ တိုးချဲ့နေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ဒါဟာ ရခိုင်ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ယခင်က ရှိပြီးသား လုံခြုံရေး အင်အားအတိုင်းသာရှိပြီး အင်အားတိုးချဲ့နေခြင်းမျိုး မရှိကြောင်းလည်း ၎င်းကဆိုသ ည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်လှူဒါန်း

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မတ်လ...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ ဖြစ်ပြီ

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက ကြိုဆိုသည်” ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဌဖြစ်သည့် တောင်အမေရိကနိုင်ငံ ဘရာဇီးက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့်အတူ နိုင်ငံတကာအစီအစဉ်အတွက် ပိုမိုပါဝင် ကိုယ်စားပြုရန် ကတိကဝတ်ပြုကြောင်း ၎င်း၏ South-South ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့၏ အကျိုးစီးပွားနှင့် ပေါင်းစည်းမှုကို အားဖြည့်ပေးပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ ယာယီပြ-တ်တောက်

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော သုံးစွဲသူများသည် ဝန်ဆောင်မှုပြ-တ်တောက်သည့်အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံ၏ အကြီးဆုံး ငွေရေးကြေးရေးအဖွဲ့အစည်းသုံးခုဖြစ်သည့် Krungthai Bank Government Savings Bank(GSB)၊ Siam Commercial Bank(SCB) တို့သည် လာမည့်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်စနစ်ထိန်းသိမ်းမှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံတစ်ဝန်း လူသန်းနှင့်ချီကို သက်ရောက်စေသည့် ဘဏ်လုပ်ငန်းပြ-တ်တောက်မှုဖြစ်ပေါ်နေသည်။ စီစဉ်ထားသော ဖြ-တ်တောက်မှုများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071