Thursday, May 29, 2025

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး...

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက်...
HomeInternationalရုရှားအနေဖြင့်၎င်း၏သမိုင်းဝင်နယ်မြေများအတွက် တိုက်ပွဲဝင်နေခြင်းသာဖြစ်သည်ဟု သမ္မတပူတင်ပြောကြား

ရုရှားအနေဖြင့်၎င်း၏သမိုင်းဝင်နယ်မြေများအတွက် တိုက်ပွဲဝင်နေခြင်းသာဖြစ်သည်ဟု သမ္မတပူတင်ပြောကြား

ပါရီ၊ဖေဖော်ဝါရီ ၂၇

ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားအနေဖြင့်ယူကရိန်းရှိ ၎င်း၏သမိုင်းဝင်နယ်မြေများအတွက်သာ တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။သမ္မတပူတင်သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မော်စကိုမြို့၌ကျင်းပခဲ့သည့် ယူကရိန်းထိုးစစ်အားထောက်ခံသည့်လူထုစုဝေးပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့တစ်နှစ်တုန်းက ကျွန်တော်တို့နိုင်ငံရဲ့ နယ်မြေလုံခြုံရေးကိုကာကွယ်ဖို့၊ သမိုင်းဝင်နယ်မြေကပြည်သူတွေကိုကာကွယ်ဖို့၊ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကိုသိမ်းပြီး ယူကရိန်းမှာကျင့်သုံးနေတဲ့ နာဇီလက်သစ်အစိုးရရဲ့ ခြိမ်းခြောက်မှုတွေကိုဖယ်ရှားဖို့ အထူးစစ်ဆင်ရေးကိုစဖို့ဆုံးဖြတ်ခဲ့တာပါ” ဟု၎င်းကပြောကြားခဲ့သည်။

၎င်းသည်ယူကရိန်းသို့အနောက်နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကိုရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းနောက်၎င်း၏အထူးစစ်ဆင်ရေးမတိုင်မီ ကိဗ်သည် အနောက်အုပ်စုနှင့် လေကြောင်းရန်ကာကွယ်ရေးညှိနှိုင်းမှုများ၊စစ်လေယာဉ်များ၊အခြားလက်နက်ကိရိယာများပါ တောင်းဆိုခဲ့ကြောင်းပြောကြားခဲ့သည်။

ထို့ကြောင့်အမေရိကနှင့်နေတိုးတို့သည် ၎င်းတို့၏စစ်အခြေစိုက်စခန်းများနှင့်လျှို့ဝှက်ဓာတုဓာတ်ခွဲခန်းများကိုပါ ရုရှားနယ်စပ်၌လာရောက်ခြေကုပ်ယူနေသည်ဟုလည်း ပူတင်ကပြောကြားခဲ့သည်။

“တစ်ခုသိထားဖို့ကအခုကျွန်တော်တို့က ယူကရိန်းပြည်သူတွေနဲ့တိုက်ခိုက်နေတာမဟုတ်ပါဘူး၊ တကယ်တော့ယူကရိန်းပြည်သူတွေဟာ အနောက်အုပ်စုရဲ့နိုင်ငံရေး၊စစ်ရေးနဲ့စီးပွားရေးအရ ချုပ်ကိုင်မှုတွေရဲ့ဓားစာခံတွေပါ” ဟုလည်းဆိုခဲ့သည်။

ထို့နောက်သမ္မတပူတင်က ယူကရိန်းနှင့်ရုရှားတို့သည်တစ်နိုင်ငံတည်းဖြစ်ပြီး အခိုင်အမာစုစည်းထားသော ပြည်ထောင်စုကြီးဖြစ်သဖြင့် ရုရှားအနေဖြင့် ဖြစ်ပေါ်လာမည့်စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ၎င်းတို့၏ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိသည်ဟုလည်းပြောကြားခဲ့သည်။

နောက်ဆုံးတွင်ယူကရိန်းရှေ့တန်း၌တိုက်ပွဲဝင်နေသည့်တပ်မတော်သားများအပြင် ကဏ္ဍအသီးသီးမှပါဝင်ကူညီသူများနှင့် စုဝေးပွဲလာရောက်သူများကိုပါကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။

Source :AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး ၆ ဦးပျေ-ာက်ဆုံးနေ

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုကပြောကြားခဲ့သည်။ Shandong Youdao Chemical Co., Ltd. ၏အလုပ်ရုံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆမှု၌ လူ ၁၉ ဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းလည်း ဗျူရိုကပြောကြားခဲ့သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် ပျေ-ာက်ဆုံးသူများအားရှာဖွေခြင်း၊ ဒဏ်ရာရသူများကိုကုသပေးခြင်း၊ မိသားစုများအား နှစ်သိမ့်ပေးခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေစောင့်ကြည့်ခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ရန် ပူးတွဲကယ်ဆယ်ရေး ကွပ်ကဲမှုဗဟိုဌာနကိုထူထောင်ထားသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာရှိ ရှာဖွေရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်းသိရသည်။ မီးလေ-ာင်မှုသတင်းရရှိပြီးနောက် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏ တယ်လီဖုန်းဖြင့်နောက်ဆုံး‌ပြောဆိုစဉ် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြောင်းကိုလည်း သူက အတည်ပြုပြောကြားခဲ့သည်။ "အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်ပြီးညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟုလည်း၎င်းက ပြောကြားခဲ့သည်။ မေလ ၁၉ ရက် နေ့က တယ်လီဖုန်းဖြင့်ပြောဆိုရာ၌ ရုရှားသမ္မတပူတင်နှင့်အ‌မေရိကန်သမ္မတတို့သည် နှစ်ဖက်လုံးမှလူကိုးဦးပါဝင်သည့် အကျဉ်းသားလဲလှယ်ရေးကိုပါ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ ရုရှားနှင့်အမေရိကတို့သည် အဘူဒါဘီတွင် ဧပြီလ ၁၀ ရက်‌နေ့က ၎င်းတို့၏ နောက်ဆုံးအကျဉ်းသား လဲလှယ်မှုကို ပြုလုပ်ခဲ့ကြသည်။ အာရပ်စော်ဘွားများပြည်ထောင်စုမှ ကူညီဆောင်ရွက်ပေးသည့်အဆိုပါလဲလှယ်မှုတွင်...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိစ္စသည် ဆွေးနွေးမည့်အစီအစဉ်တစ်ရပ်ဖြစ်ဖွယ်ရှိသည်။ မက်ခရွန်သည် ဒေသတွင်းခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် ရောက်ရှိခြင်းဖြစ်ပြီး ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ သူသည်ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့် လက်ရှိမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမည့် နယ်ပယ်များနှင့်ပတ်သက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071