Sunday, June 15, 2025

အင်းလေးဒေသ ညောင်ရွှေမြို့ ရေကြီးရေလျှံ၍ မြို့ပေါ်ရပ်ကွက်အချို့ရေဝင်ရောက်မှုဖြစ်ပွား

ရှမ်း/တောင် အင်းလေးဒေသ ညောင်ရွှေမြို့တွင် ရေကြီးရေလျှံဖြစ်ပွားနေပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ ရေဝင်ရောက်နေသ ဖြင့် ဒေသခံများဘေးလွတ်တိမ်းရှောင်နေကြရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ အင်းလေးဒေသ၌ ယခုလ ဇွန် ၁၀...

အီရန်အခြေအနေကို ပူတင်နှင့်အသေးစိတ်ဆွေးနွေးခဲ့ကြောင်း ထရမ့်ဆို

အီရန်အခြေအနေကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စနေနေ့က အသေးစိတ်ဆွေးနွေးခဲ့ကြောင်း၊ ယူကရိန်းအရေးနှင့် ပတ်သက်၍မူ အချိန်များစွာ လျှော့သုံးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ "သမ္မတပူတင်က ဒီမနက်...

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)...

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...
HomeNewsLocal Newsပြည်တွင်း ဆန်စပါးစျေးကွက်၏ ဝယ်လိုအား၊...

ပြည်တွင်း ဆန်စပါးစျေးကွက်၏ ဝယ်လိုအား၊ လှောင်လိုအား များနေရျ် လတ်တလောစျေးနှုန်းများ မြင့်တက်နေသော်လည်း ပြန်လည်ကျဆင်းနိုင်ကြောင်း ဆန်စပါးအသင်းချုပ်က သုံးသပ်

ပြည်တွင်း၌ ဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်မှုများ ဖြစ်ပွားနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဆန်နှင့်ပတ်သက် စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊ လက်ကျန် စပါး/ဆန် လုံလုံ လောက်လောက် ရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ပြည်တွင်းဆန်ဈေးကွက်၌ ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေသော်လည်း ဆန်ပြတ်လပ်မည်ကို စိုးရိမ်စရာမလိုသည့်အပြင် ပြည်တွင်း၌ ဆန်လုံလောက်မှုရှိကြောင်း၊ စျေးကွက် ဝယ်လိုအား၊ လှောင်လိုအား များ များနေခြင်းတို့ကြောင့်သာ ယခုလို ဖြစ်နေကြောင်း နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုဖြင့် ဆန်စပါးစျေးကွက် တည်ငြိမ်စေရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။ 

“မြန်မာနိုင်ငံအနေနဲ့က ဆန်က ဘယ်လိုမှ စိုးရိမ်စရာမရှိဘူး ။ ဆန်နဲ့ ပတ်သက်ရင် ဖူလုံမှုနဲ့ ပိုလျှံမှုက အပြည့်အဝရှိတယ်၊ အစိုးရ- ပုဂ္ဂလိ ပူးပေါင်းမှုဖြင့် လိုအပ်သည်များကို ညှိနှိုင်းစီစဉ်ဆောင်ရွက်နေပြီ ဖြစ်တယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။ 

ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးကစားခြင်း ၊ ကောလာဟလသတင်းဖြန့်ခြင်းများအပြင် ဆန်ကုန်သည်အချို့၏ ဆန်ဝယ်ယူစုဆောင်းမှုများကြောင့် ဆန်ဈေးနှုန်းများမှာ အမျိုးအစားနှင့် နေရာဒေသအလိုက် ကျပ် ၁၅၀၀၀ ဝန်းကျင်မှ ကျပ် ၂၀၀၀၀ ကျော်အထိ မြင့်တက်နေခြင်း ဖြစ်သည်ဟု ကြားသိရသည်။ 

လက်ရှိတွင် ဆန်ဈေးနှုန်း ထိန်းချုပ်နိုင်ရန် အစိုးရနှင့် ဆန်စပါးအသင်းချုပ်တို့  ပူးပေါင်းဆောင်ရွက်နေပြီး ဈေးကစားသူများအား ရှာဖွေ ဖော်ထုတ်ကာ ပညာပေးခြင်း နှင့် တိုက်တွန်းစည်းရုံးခြင်းတို့ကို သာ ဆောင်ရွက်နိုင်ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ကိုဗစ် စတင်ဖြစ်ချိန်တွင် စားသောက်ကုန်စည်များကို အရေးကြီးကုန်စည် အဖြစ် သတ်မှတ်ထားရျ် ဆန်စပါးသည် အရေးကြီးကုန်စည် ဖြစ်နေကြောင်း၊ အရေးကြီးကုန်စည် ဥပဒေ နှင့် အရေးယူနိုင်၊ မနိုင် ဆိုသောကိစ္စမှာ နိုင်ငံတော်အစိုးရ၏ သုံးသပ်ရှုမြင် ဆောင်ရွက်မှု အပေါ် မူတည်ပြီး အသင်းအနေဖြင့် စည်းကမ်းလိုက်နာဖို့၊ ဥပဒေ လိုက်နာဖို့ စည်းရုံးခြင်း၊ အသိပညာပေးခြင်း၊ စျေးကွက်အတွင်း ထုတ်ရောင်းပေးခြင်း စသည်တို့ကို ပိုမို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးရဲမင်းအောင်က ပြောသည်။ 

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လစဉ်ဆန်တင်ပို့မှု တန်ချိန်(၂) သိန်း ဝန်းကျင် ဆောင်ရွက်နေရာ လတ်တလောဖြစ်ပေါ်နေသည့် ဆန်ဈေးမတည်ငြိမ်မှုကို ထိန်းညှိနိုင်ရန် ယခု ဖေဖေါ်ဝါရီလနှင့် လာမည့် မတ်လအတွင်း ဆန်တန်ချိန် (၁) သိန်းခွဲစီ နှင့် နှစ်လ ပေါင်း တန် (၃) သိန်းသာတင်ပို့ရန် အခြေအနေရှိကြောင်းလည်း သိရသည်။ 

“ဆန်တင်ပို့မှု က နှစ်စဉ်ရည်မှန်းချက် target ထားပြီး လုပ်တာပါ၊ ပြည်တွင်းဖူလုံမှုကို သေချာစွာ တွက်ချက်ပြီး ပိုလျှံတာကို တင်ပို့ခြင်းဖြစ်ပါတယ်။ ယခု ၂၀၂၂-၂၃ ဘဏ္ဍာနှစ် မှာ တန် ၂.၂ သန်း တင်ပို့ဖို့ မှန်းထားခဲ့ပါတယ်၊ ဇန်နဝါရီ လကုန် အထိ တန် ၁.၉ သန်း တင်ပို့ထားပြီ ဖြစ်ရျ် ဘဏ္ဍာနှစ်ကုန် မတ်လကုန် အထိ နောက်ထပ် တန် (၃) သိန်းကို ဖေဖော်ဝါရီ နဲ့ မတ်လ မှာ တင်ပို့ဖို့ စီစဉ်တာပါ” ဟု ဦးရဲမင်းအောင်က ပြောပါသည်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့်လည်း စက်မှုဇုန် စက်ရုံ အလုပ်သမားများ နှင့် ဝင်ငွေနည်း ဝန်ထမ်းများအား သက်သာသော စျေးဖြင့် ဆန်ဖြန့်ဖြူး ရောင်းချပေးရန် စီစဉ်လျက်ရှိပြီး မကြာမီ ဆန်စျေး ပြန်ကျဆင်းနိုင်သည်ဟု သုံးသပ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းလေးဒေသ ညောင်ရွှေမြို့ ရေကြီးရေလျှံ၍ မြို့ပေါ်ရပ်ကွက်အချို့ရေဝင်ရောက်မှုဖြစ်ပွား

ရှမ်း/တောင် အင်းလေးဒေသ ညောင်ရွှေမြို့တွင် ရေကြီးရေလျှံဖြစ်ပွားနေပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ ရေဝင်ရောက်နေသ ဖြင့် ဒေသခံများဘေးလွတ်တိမ်းရှောင်နေကြရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ အင်းလေးဒေသ၌ ယခုလ ဇွန် ၁၀ ရက်နေ့မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ညောင်ရွှေမြို့ စက်လှေဆိပ် ၊ မြို့နောက်ဖက်ရှိ ကျေးရွာများ ၊ သာစည်ရပ် ၊ ကန်သာရပ် နှင့် မြို့မဈေးအနီးတို့တွင် ရေများဝင်ရောက်နေပြီး ပေါရိသတ် ကျေးရွာ ရွှေညောင် - ညောင်ရွှေလမ်းမ‌ ပေါ်အထိ ရေကြီးရေလျှံဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ အင်းလေး‌ရေကန်မြှင့်တက်လာမှု‌ကြောင့် ဒေသခံများ၏ စပါးခင်း ၊မြေပဲခင်းများ...

အီရန်အခြေအနေကို ပူတင်နှင့်အသေးစိတ်ဆွေးနွေးခဲ့ကြောင်း ထရမ့်ဆို

အီရန်အခြေအနေကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စနေနေ့က အသေးစိတ်ဆွေးနွေးခဲ့ကြောင်း၊ ယူကရိန်းအရေးနှင့် ပတ်သက်၍မူ အချိန်များစွာ လျှော့သုံးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ "သမ္မတပူတင်က ဒီမနက် ကျွန်တော့်ကို မွေးနေ့ဆုတောင်းဖို့ ဖုန်းဆက်ခဲ့ပေမယ့် ပိုအရေးကြီးတာက သူအရမ်းသိတဲ့ အီရန်အကြောင်း ပြောဖို့ပါ။ ကျွန်တော်တို့ အချိန်အကြာကြီး ဆွေးနွေးခဲ့ကြပါတယ်။ ရုရှား/ယူကရိန်းအကြောင်း ပြောတာကိုတော့ အချိန်နည်းနည်းပဲ သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် အဲဒါကတော့ နောက်အပတ်အတွက်ပါ" ဟု ထရမ့်က ၎င်း၏ Truth Social စာမျက်နှာတွင် ရေးသားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် "စီစဉ်ထားသော...

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်လှူဒါန်း

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071