Sunday, June 15, 2025

မနက်ဖြန် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားမည့် ယူ-၁၉...

အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဥ်အတွင်း ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ထိုင်းအသင်းသည်...

အမြန်လမ်းတွင် ကုန်တင်ကားနှစ်စီးတို-က် (၁)ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဇွန် ၁၅ ရက်နံနက် ၅ နာရီခန့်က ကုန်တင်ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ်...

ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေအိမ်များတွင် လူနေထိုင်ခွင့်...

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်၌ ရှိသည့် ကျောက်သေတ္တာခေါ် ကျောက်တုံးကြီး၏ ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူထိုင်ခဲ့ရသူများကို ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း...

အဲရ်အိန္ဒိယ လေယာဉ်ပျက်ကျမှု သေဆုံးသူ ၂၇၀...

   အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ခရီးစဥ်အမှတ် ၁၇၁ ပျက်ကျခဲ့၍ သေဆုံးသူမှာ ၂၇၀ ဦးထက်မနည်းရှိလာကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။         ကြာသပတေးနေ့က အာမက်ဒါဘတ်မှ လန်ဒန်...
HomeInternationalဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တွင် လစဉ်ငွေသွင်းကာ...

ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တွင် လစဉ်ငွေသွင်းကာ ဘလူးမတ်ခ်ရယူနိုင်မည့် အစီအစဉ်ကို ဇူကာဘတ်ကြေညာ

ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တို့၏ မိခင်ကုမ္ပဏီဖြစ်သော မက်တာ ပိုင်ရှင် မာ့ခ်ဇူကာဘတ်က အဆိုပါအက်ပ်များကို အသုံးပြုသူများသည် သူတို့၏ အကောင့်များကို တရားဝင်မှန်ကန်ကြောင်း အတည်ပြုပေးမည့် အပြာရောင်အမှန်ခြစ် ဘလူးမာ့ခ်ကို လစဉ် အခကြေးငွေပေးသွင်းကာ ရယူနိုင်မည့် အစီအစဉ်ကို မကြာမီ စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက် တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

တွစ်တာတွင်လည်း အလားတူ အစီအစဉ်မျိုးကို အီလွန်မတ်ခ်စ်က ကြေညာခဲ့ပြီးနောက် ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ်တွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘလူးမာ့ခ်ရရှိထားပြီးသူများ၏ အကောင့်များကိုမူ မည်သည့်အပြောင်းအလဲမျှ ပြုလုပ်သွားမည်မဟုတ်ကြောင်း မက်တာက အာမခံထားသည်။

အဆိုပါအစီအစဉ်ကို ဩစတြေးလျနှင့် နူးဇီလန်တို့တွင် ယခုအပတ်အတွင်း စတင်မည်ဖြစ်ပြီး အသုံးပြုသူများသည် နိုင်ငံသားမှတ်ပုံတင်ဖြင့် မိမိ၏အကောင့်ကို အတည်ပြုကာ ဘလူးမာ့ခ်ရယူနိုင်မည်ဟု ဇူကာဘတ်က ဆိုသည်။

ဘလူးမာ့ခ်သည် အသုံးပြုများ၏ အကောင့်များကို ဆင်တူယိုးမှား အကောင့်အတုများထံမှ ခွဲခြားပေးမည်ဖြစ်ပြီး ဘလူးမာ့ခ်ရထားပါက ကာစတန်မာ ဆားဗစ်ကိုလည်း တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်သည်။

ဘလူးမာ့ခ်ကို မက်တာ၏ ဝဘ်ဆိုဒ်တွင် တိုက်ရိုက်ဝယ်ယူပါက တစ်လလျှင် ၁၂ ဒေါ်လာကျသင့်မည်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်မှတစ်ဆင့် ဝယ်ယူပါက တစ်လလျှင် ၁၅ ဒေါ်လာကျသင့်မည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မနက်ဖြန် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်းအသင်း လေ့ကျင့်ပြင်ဆင်

အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဥ်အတွင်း ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ထိုင်းအသင်းသည် မြန်မာအသင်းအတွက် ပြိုင်ဘက်ကောင်းအသင်း တစ်သင်းဖြစ်သည့်အတွက် ဂရုစိုက်ပြင်ဆင်ရမည့် အခြေအနေဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအနေဖြင့် နှစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ကာထိုင်းအသင်းဖြင့် ထိပ်တို-က်တွေ့ဆုံကြခြင်းဖြစ်သည်။ ထိုင်း-မြန်မာ ဆီမီးဖိုင်နယ်ပွဲစဥ်ကို မနက်ဖြန် ဇွန်လ ၁၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန်၌ အိမ်ရှင် ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်း၊ ညနေ ၆...

အမြန်လမ်းတွင် ကုန်တင်ကားနှစ်စီးတို-က် (၁)ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဇွန် ၁၅ ရက်နံနက် ၅ နာရီခန့်က ကုန်တင်ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၉၇/၀ နှင့် ၁၉၇/၁ ကြားတွင် ရှေ့မှကုန်တင်ကားအား နောက်မှလိုက်ပါလာသည့် ကုန်တင်ကားမှဝင်တို-က်မိခဲ့ပြီး ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ ည-ပ်နေခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီးဖြစ်စဥ်ကြောင့် ‌ေ-သဆုံးသူတစ်ဦးနှင့် ထိခို-က်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိသူတစ်ဦးတို့အား နေပြည်တော်ကုတင်(၁,၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေအိမ်များတွင် လူနေထိုင်ခွင့် ပြန်လည်ခွင့်ပြု

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်၌ ရှိသည့် ကျောက်သေတ္တာခေါ် ကျောက်တုံးကြီး၏ ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူထိုင်ခဲ့ရသူများကို ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အန္တရာယ်ကြောင့် နေအိမ် (၇) လုံးနှင့် သစ္စာမြိုင်စာသင်တိုက်ကိုတော့ ပြောင်းရွှေ့ရန် ခွင့်မပြုထားကြောင်း သိရသည်။ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး ပြိုကျနိုင်ရန် ရာခိုင်နှုန်းများခဲ့သောကြောင့် အနီးနားရှိ မြို့ခံများ ပြောင်းရွှေ့နေထိုင်ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဘူမိဗေဒတိုင်းတာရေးလုပ်ငန်းများအပြင် နည်းပညာများ အသုံးပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071