Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeInternationalဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တွင် လစဉ်ငွေသွင်းကာ...

ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တွင် လစဉ်ငွေသွင်းကာ ဘလူးမတ်ခ်ရယူနိုင်မည့် အစီအစဉ်ကို ဇူကာဘတ်ကြေညာ

ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တို့၏ မိခင်ကုမ္ပဏီဖြစ်သော မက်တာ ပိုင်ရှင် မာ့ခ်ဇူကာဘတ်က အဆိုပါအက်ပ်များကို အသုံးပြုသူများသည် သူတို့၏ အကောင့်များကို တရားဝင်မှန်ကန်ကြောင်း အတည်ပြုပေးမည့် အပြာရောင်အမှန်ခြစ် ဘလူးမာ့ခ်ကို လစဉ် အခကြေးငွေပေးသွင်းကာ ရယူနိုင်မည့် အစီအစဉ်ကို မကြာမီ စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက် တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

တွစ်တာတွင်လည်း အလားတူ အစီအစဉ်မျိုးကို အီလွန်မတ်ခ်စ်က ကြေညာခဲ့ပြီးနောက် ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ်တွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘလူးမာ့ခ်ရရှိထားပြီးသူများ၏ အကောင့်များကိုမူ မည်သည့်အပြောင်းအလဲမျှ ပြုလုပ်သွားမည်မဟုတ်ကြောင်း မက်တာက အာမခံထားသည်။

အဆိုပါအစီအစဉ်ကို ဩစတြေးလျနှင့် နူးဇီလန်တို့တွင် ယခုအပတ်အတွင်း စတင်မည်ဖြစ်ပြီး အသုံးပြုသူများသည် နိုင်ငံသားမှတ်ပုံတင်ဖြင့် မိမိ၏အကောင့်ကို အတည်ပြုကာ ဘလူးမာ့ခ်ရယူနိုင်မည်ဟု ဇူကာဘတ်က ဆိုသည်။

ဘလူးမာ့ခ်သည် အသုံးပြုများ၏ အကောင့်များကို ဆင်တူယိုးမှား အကောင့်အတုများထံမှ ခွဲခြားပေးမည်ဖြစ်ပြီး ဘလူးမာ့ခ်ရထားပါက ကာစတန်မာ ဆားဗစ်ကိုလည်း တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်သည်။

ဘလူးမာ့ခ်ကို မက်တာ၏ ဝဘ်ဆိုဒ်တွင် တိုက်ရိုက်ဝယ်ယူပါက တစ်လလျှင် ၁၂ ဒေါ်လာကျသင့်မည်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်မှတစ်ဆင့် ဝယ်ယူပါက တစ်လလျှင် ၁၅ ဒေါ်လာကျသင့်မည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071