Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsနှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမျှော်အမြင်ရှိမှုကြောင့်...

နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမျှော်အမြင်ရှိမှုကြောင့် မြန်မာ-ရုရှား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဟုဆို

မြန်မာ – ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမြော်အ မြင်ရှိမှုနှင့် နှစ်ဖက်ပူးတွဲအားထုတ်မှုများကြောင့် နစက အစိုးရလက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေး သိသာထင် ရှား စွာတိုးတက်လာကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

နေပြည်တော်ရှိ Hilton ဟိုတယ်၌ ဖေဖော်ဝါရီ ၁၈ ရက်ညပိုင်းက ကျင်းပခဲ့သည့် မြန်မာ – ရုရှား နှစ်နိုင်ငံသံတမန်ဆ က်ဆံရေး (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်ဧည့်ခံ ပွဲတွင် နစက ဒုတိယ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သ ည်။

မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ (၁၈) ရက်တွင် စတင်ထူထောင်ခဲ့ပြီး မြန် မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ဆက်ဆံရေးသည် ခိုင်မာသထက် ခိုင်မာလျက်ရှိကာ နှစ်နိုင်ငံလုံးအနေဖြင့် ရင်းနှီးချစ်ကြည်ပြီး နီးကပ်သည့်ဆက်ဆံရေးအား တန်ဖိုးထားထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း နစက ဒုတိယဥက္ကဋ္ဌက ပြောသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကာလအစ ကောင်းမွန်သည့် ပြယုဂ်များအဖြစ် ရုရှား-မြန်မာ ချစ်ကြည်ရေးအ တွက် ရုရှားနိုင်ငံမှ တာဝန်ယူပြီး ၁၉၆၁ ခုနှစ်က ရှမ်းပြည် နယ် တောင်ကြီးမြို့တွင် ဖွင့်လှစ်ခဲ့သည့် စဝ်စံထွန်းဆေး ရုံ၊ ၁၉၆၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်အ င်းယားလိတ်ဟိုတယ်နှင့် ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့သည့် ကြက်မောက်တောင်ဆည်တို့သည် နှစ်နိုင်ငံကြားဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲမှုကိုအမြဲတမ်းပေါ် လွင်ထင်ဟ တ်နေမည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် နစက အစိုးရ လက်ထက်တွင် မြန်မာ- ရုရှား ဆက်ဆံရေးသည် သိသာထင်ရှားစွာတိုး တက်လာကာ နှ စ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့်နှစ်ဖက်ပူးတွဲအားထုတ်မှုများကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက် ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့အချိန်တွင် အမြင့်ဆုံးသို့ရောက်ရှိနေပြီကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနိုင်ပြီဖြစ်‌ကြောင်းလည်း ၎င်းကဆိုသည်။

နှစ်နိုင်ငံ အကြား သံတမန်ဆက်ဆံရေးအရ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင် စစ်ဝန်ချုပ်ရုံးများကို မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရုရှားနိုင်ငံတွင် ယခုကဲ့သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသစ်များ ဖွင့်လှစ်နိုင်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို သိသိသာသာအထော က်အကူဖြစ်စေမည်ဟုလည်း နစက ဒုဥက္ကဋ္ဌက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071