Wednesday, May 28, 2025

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး...

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေမှ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးကို ဝယ်ယူနိုင်ရန် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် (၂၄) ဘီလီယံထုတ်ချေးရန်လျာထားကြောင်း...

မန္တလေးမြို့က cowboy music bar...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ CowBoy Music Bar တွင် ယနေ့ မေလ (၂၈) ရက် နံနက်ပိုင်းက မီးလေ-ာင်မှုဖြစ်ပွားခဲ့ပြီး မန်နေဂျာအပါအဝင်...

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မန်ချက်စတာ...

ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံအောစတား(ASEAN-All Stars)အသင်းသည် ယနေ့ မေလ (၂၈) ရက်၌ မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ASEAN-All Stars...

ရာစုတစ်စုမက ပြည်တည်လာသည့် စစ်ပွဲ

ရက်ပေါင်း ၆၀၀ ရှိလာသည့်အစ္စရေးနှင့် ပါလက်စတိုင်း လက်ရှိစစ်ပွဲ၏ နောက်ခံ ပဋိပက္ခသည် ကာလကြာရှည်စွာရှိခဲ့ပြီး ယခုချိန်ထိ မငြိမ်းချမ်းနိုင်သေးပေ။အရှေ့ဘက်တွင် ဂျော်ဒန်မြစ်နှင့် အနောက်ဘက်တွင် မြေထဲပင်လယ်ကြားရှိ...
HomeNewsLocal Newsလုပ်ငန်းဗီဇာ(Business e- Visa)ဖြင့်လာရောက်သည့်...

လုပ်ငန်းဗီဇာ(Business e- Visa)ဖြင့်လာရောက်သည့် ပြည်ပနိုင်ငံသားများ Online မှတဆင့် နေထိုင်ခွင့်သက်တမ်းတိုးနိုင်

မြန်မာနိုင်ငံသို့ လုပ်ငန်းဗီဇာ(Business e-Visa)ဖြင့်လာရောက်သည့် ပြည်ပနိုင်ငံသားများ Online မှတဆင့် နေထိုင်ခွင့်သက်တမ်းတိုးနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံသားများ၏ နေထိုင်ခွင့်သက်တမ်းတိုးခြင်း(stay Extension)နှင့်ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa)တို့ကို e-stay Extension website တွင်သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန်၊ မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုရန်ရည်ရွယ်၍ e-visa စနစ်အား ၂၀၁၄ ခုနှစ်၊စက်တင်ဘာ ၁ ရက်မှစတင်၍ ကမ္ဘာလှည့်ဗီဇာ(Tourist Visa)နှင့်လုပ်ငန်းဗီဇာ(Business Visa)နှစ်မျိုးအား အီလက်ထရောနစ်စနစ်ဖြင့် ခွင့်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံတွင် သံတမန်/သံအဖွဲ့ဝင်ဗီဇာ၊ကမ္ဘာလှည့်ဗီဇာ၊ဖြတ်သန်းဗီဇာ၊စာနယ်ဇင်း/မီဒီယာဗီဇာ၊အလုပ်ရုံ/ဆွေးနွေးပွဲ/အစည်းအဝေး/သုတေသနဗီဇာ၊အလုပ်သမားဗီဇာ၊လုပ်ငန်းဗီဇာ၊လူမှုရေးဗီဇာ၊သာသနာရေးဗီဇာ၊နိုင်ငံတကာအဖွဲ့အစည်းများဗီဇာ၊ပညာရေးဗီဇာ၊ယာဉ်အမှုထမ်းဗီဇာ၊သံတမန်၏ဧည့်သည်များဗီဇာ၊သံတမန်မဟုတ်သော သံရုံးဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များအတွက် ပြည်ဝင်ဗီဇာ ၁၄ မျိုးအား ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေ ငွေကျပ် (၂၄) ဘီလီယံထုတ်ချေးရန်လျာထား

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေမှ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးကို ဝယ်ယူနိုင်ရန် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် (၂၄) ဘီလီယံထုတ်ချေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေမှ လယ်ယာသုံး စက်ကိရိယာအမျိုးမျိုးကို ဝယ်ယူနိုင်ရန် တောင်သူတစ်ဦးလျှင် အများဆုံးငွေကျပ်သိန်း (၁,၂၀၀)ထိ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ချေးငွေထုတ်ပေးသည့် ၂၀၁၇ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ ငွေကျပ် (၂၄၇ ဒသမ ၄၄၈) ဘီလီယံ ကျော် ထုတ်ချေးပြီးဖြစ်ကြောင်းလည်း သိရသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံး...

မန္တလေးမြို့က cowboy music bar မီးလေ-ာင်မှုဖြစ်၊ ဝန်ထမ်း(၄)ဦးအသက်ဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ CowBoy Music Bar တွင် ယနေ့ မေလ (၂၈) ရက် နံနက်ပိုင်းက မီးလေ-ာင်မှုဖြစ်ပွားခဲ့ပြီး မန်နေဂျာအပါအဝင် ဝန်ထမ်းအမျိုးသမီးလေးဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ နံနက် (၉) နာရီ (၄၈) မိနစ်အချိန်တွင် မီးစတင်လေ-ာင်ကျွမ်းခဲ့ပြီး ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး (၁၀)နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ကာ (၁၀) နာရီ(၈)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ “ငလျင်တုန်းက ထိခဲ့လို့ ပိတ်ထားတဲ့ဆိုင်၊ အခုမှ ပြန်ဖွင့်ဖို့ ပြင်နေကြတာ၊ ကလေးတွေနဲ့ကလည်း ကိုယ်ကမျက်မှန်းတန်းနေတာ၊...

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အတွက် အသင်းဖော်များနှင့် လေ့ကျင့်နေပြီဖြစ်သည်။

ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံအောစတား(ASEAN-All Stars)အသင်းသည် ယနေ့ မေလ (၂၈) ရက်၌ မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ASEAN-All Stars အသင်းတွင် မြန်မာ၊ ဗီယက်နမ်၊ တီမောနှင့် ကမ္ဘောဒီးယားစသည့် အာဆီယံနိုင်ငံပေါင်း(၁၂)နိုင်ငံမှလက်‌ရွေးစင်ကစားများကို အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ရွေးချယ်ခေါ်ယူ ဖွဲ့စည်းထားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071