Sunday, June 21, 2026

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့်...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ...

ဖားကန့်မြို့၌ ဥရုချောင်းရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ကာ ယနေ့ ဇွန် ၂၁ ရက်နံနက်အစောပိုင်းမှစတင်၍ ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ "ချောင်းရေတက်လာတာအရမ်းမြန်တယ်။...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက ဆန်များလှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဒေသခံအိမ်ထောင် စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက အိမ် ထောင်စုတစ်စုလျင် ဆန်(၁၂)ပြည်နှုန်းဖြင့် ဇွန် ၂၀ ရက်တွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ " ကော့ကရိတ်မြို့ပေါ်...
HomeNewsLocal Newsနယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှုကို ဘဏ်စနစ်ဖြင့်သာဆောင်ရွက်ရန်...

နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှုကို ဘဏ်စနစ်ဖြင့်သာဆောင်ရွက်ရန် UMFCCI ဥက္ကဋ္ဌ မှ တရုတ်လုပ်ငန်းရှင်များအား တိုက်တွန်း

တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု လုပ်ဆောင်ရာတွင် ဘဏ်စနစ်ဖြင့်သာ ငွေပေးချေကြရန် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက တရုတ်လုပ်ငန်းရှင်များအား တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

ယူနန် – မြန်မာစီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးပွဲတွင် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကိုဗစ်ကာလအတွင်း လျော့နည်းသွားခဲ့သည့် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးအရ ကူးလူးဆက်ဆံမှုများ၊ ကုန်သွယ်မှုများကိုပါ ပြန်လည်မြှင့်တင်ရမည့် အချိန်အခါဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် GACC တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ရန် ကူညီပေးစေလိုကြောင်းလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ယူနန်ပြည်နယ် ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်  Dr. Li Chenyang ကလည်း ယူနန် – မြန်မာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်၊ ယူနန်လုပ်ငန်းရှင်များနှင့် မြန်မာလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်လိုပြီး လယ်ယာလုပ်ငန်း၊ လျှပ်စစ်၊ အခြေခံအဆောက်အအုံ၊ လူသုံးကုန်ပစ္စည်းလုပ်ငန်းများကူးသန်းရောင်းဝယ်ရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေးသည်လည်း အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ယခု ဘဏ္ဍာနှစ်အတွင်း မြန်မာ – တရုတ်နယ်စပ်ကုန်သွယ် ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံကျော်ရရှိထားပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၉၉) ဘီလီယံရှိကာ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာသန်း (၄၀၀) ဖိုးခန့် ပြန်လည်တင်သွင်းထားကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန သတင်းအချက်အလက်များအရ သိရသည်။

တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်မှုမှတဆင့် ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက် ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စ ည်း၊ ငရုတ် အစရှိသည့် ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စ ည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှ င့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့် မလေးရှားနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။     ရာမန်၏ အစိုးရသည် အာရှအဓိကမိတ်ဖက်များနှင့် ဆက်ဆံရေးခိုင်မာစေသည့်အပြင် ရည်မှန်းချက်ကြီးမားသော စီးပွားရေးအစီအစဉ်ကို ပံ့ပိုးရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေချိန်တွင် ခြောက်ရက်ကြာခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။       ရာမန်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နှင့် တွေ့ဆုံရန်အတွက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကွာလာလမ်ပူရ်သို့ ထွက်ခွာမည်ဖြစ်ပြီး ထို့နောက် တရုတ်ဝန်ကြီးချုပ် လီကျန်း၏ ဖိတ်ကြားချက်အရ တနင်္လာနေ့တွင်...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး ရေဝင်ရောက်နိုင်သည့်နေရာများအား သဲအိတ်များဖြင့်ကာရံထားကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ထားရှိမှုများကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးက ဇွန် ၂၀ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ချင်းတွင်းမြစ်ရေကြီးချိန်အတွင်း သက်ဆိုင်ရာများ၊ ဌာနများအလိုက် ရှာဖွေကယ်ဆယ်ရေးနှင့် သက်ကယ်ပစ္စည်းများပြည့်စုံလုံလောက်မှုရှိစေရေး၊ ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိစေရေးအတွက် စနစ်တကျကြိုတင်ပြင်ဆင်ထားရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၌ ဥရုချောင်းရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ကာ ယနေ့ ဇွန် ၂၁ ရက်နံနက်အစောပိုင်းမှစတင်၍ ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ "ချောင်းရေတက်လာတာအရမ်းမြန်တယ်။ ပထမဆုံးစပြီး ရေတွေဝင်လာတာက ကျောက်ဝိုင်းရပ်ကွက်ထဲကိုပါ။ အိမ်အနိမ့်လေးတွေဆိုရင် ကြမ်းခင်းတွေလည်းမြုပ်ကုန်တယ်။ လမ်းတွေမှာဆိုရင်လည်း တစ်ချို့နေရာတွေဆိုရင် ခါးလယ်ရောက်အထိ ရေတွေရောက်နေပြီ"ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြော သည်။ လက်ရှိအချိန်၌ ရေဝင်ရောက်မှုများပြားသည့် နေအိမ်များအတွင်းနေထိုင်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးလျက်ရှိကာ သဘာဝဘေးအန္တရာယ်နှင့်အတူကြုံတွေ့လာနိုင်သောဖြစ်စဥ်များကိုသတိပြုကြရန်လည်း သတိပေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo-Ko Myat Soe Han

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071