Thursday, May 29, 2025

ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့်...

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်...

ငလျင်ဘေးအလှူငွေ ဒုတိယအကြိမ်တွင် ငွေကျပ်(၁၃၁)ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရရှိ

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက...
HomeNewsLocal Newsချိန်ခါမဟုတ်မိုးရွာသွန်း၍ မင်္ဂလာတောင်ညွှန့်၊သင်္ဃန်းကျွန်းနှင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင် သစ်ပင်များလဲကျ

ချိန်ခါမဟုတ်မိုးရွာသွန်း၍ မင်္ဂလာတောင်ညွှန့်၊သင်္ဃန်းကျွန်းနှင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင် သစ်ပင်များလဲကျ

ရန်ကုန်တိုင်းအတွင်း၌ ဖေဖော်ဝါရီ ၁၇ ရက် (ယနေ့)မွန်းတည့်ပိုင်းမှစတင်ကာ ချိန်ခါမဟုတ်မိုးသည်းထန်စွာရွာသွန်းပြီး နေရာအချို့တွင် မိုးသီးကြွေကျခြင်းများဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် မင်္ဂလာတောင်ညွှန့်၊သင်္ဃန်းကျွန်းနှင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင်လည်း သစ်ပင်များလဲကျမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

နေ့လည် ၁ နာရီ ၈ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊သမိန်ဗရမ်းလမ်းပေါ်တွင် သစ်ပင်လဲကျခဲ့၍ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ရှင်း လင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊သမိန်ဗရမ်းလမ်းရှိ CNG ဓာတ်ငွေ့အရောင်းဆိုင်အတွင်း၌ သစ်ပင်လဲကျခဲ့၍ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းပေးခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ(၂၉)ရပ်ကွက်၊မင်းဒင်(၈)လမ်းပေါ်တွင်လည်း နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်က သစ်ပင်လဲကျကာလမ်းပိတ်ဆို့နေသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ(၂၉)ရပ်ကွက်၊ကမ်းနားလမ်းတွင် လေပြင်းတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျကာ လမ်းဘေးတွင်ရပ်ထားသော Honda ကားပေါ်သို့ပိမိခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးခဲ့ကြသည်။

မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင်လည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊တော်ဝင်လမ်းတွင် သစ်ပင်လဲကျနေသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးခဲ့ကြသည်။

သစ်ပင်လဲကျမှုဖြစ်စဥ်များ၌ လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။       နယ်စပ်မြို့ဖြစ်သော ပွိုင်ပက်တွင် အွန်လိုင်းလောင်းကစားနှင့် ခေတ်မီဆန်းပြားသော ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အဆောက်အအုံကို ပစ်မှတ်ထား၍ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။           ငွေလိမ်လုပ်ငန်းများတွင် ဂျပန်နိုင်ငံသားများ ပါဝင်ပတ်သက်နေသည်ဟူသော သတင်းပေးချက်အရ ကမ္ဘောဒီးယား စုံစမ်းစစ်ဆေးရေးအာဏာပိုင်များက အင်္ဂါနေ့တွင် စီးနင်းရှာဖွေခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောဆိုသည်။ အဆိုပါဖြစ်စဉ်ကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အတည်ပြုခဲ့ပြီး လက်ရှိတွင်...

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။ ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးရှိပြည်သူများ စိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလဖြစ်၍ တည်ငြိမ်အေးချမ်းမှုလိုအပ်၍ တပ်မတော်အနေဖြင့် ဧပြီ ၂ ရက်မှစတင်ကာ ယခုမေလကုန်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်သတ်မှတ်ထုတ်ပြန်ထားသည်ဟုလည်း ပြောသည်။ " ဒါ့ကြောင့် နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သက်ဆိုင်သူတွေအနေနဲ့ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားတဲ့အပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတော်အနေဖြင့်...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခုတွင်ထိခိုက်မှုရှိခဲ့ပြီး (၆)ခုမှာပြင်းထန်စွာခံစားခဲ့ရပြီး နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုရှိ ရပ်ကွက်(၃၇၄) ခု၊ ကျေးရွာအုပ်စု(၉၄၄)စု၊ ကျေးရွာ(၂၀၈၁)ရွာ၊ အိမ်ထောင်စု(၁၆၂၁၆၇)စု၊ လူဦးရေ(၅၀၆၀၆၉)ဦးဘေးသင့်ခဲ့သည်ဟု ပြောသည်။ " ‌ေ-သဆုံးသူ(၃၇၃၉)ယောက်၊ ပျောက်ဆုံးသူ(၆၈) ယောက်နဲ့၊ ဒဏ်ရာရသူ(၅၁၀၄)ယောက်ရှိပါတယ်။ ဒါ့အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071