Saturday, June 27, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeNewsLocal Newsလျှပ်စစ်ကားအတွက် အားသွင်းစက်များ ဒုတိယအကြိမ်ထပ်မံရောက်ရှိ

လျှပ်စစ်ကားအတွက် အားသွင်းစက်များ ဒုတိယအကြိမ်ထပ်မံရောက်ရှိ

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် EV Charger 60KW ငါးစုံသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒုတိယအကြိမ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် N.P.K Motors ကုမ္ပဏီလီမိတက်မှ ဒုတိယအကြိမ်ထပ်မံတင်သွင်းခြင်းဖြစ်သည်။

ယင်းသို့ ရောက်ရှိလာသော EV Charger များကို အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့သည်။

အဆိုပါ EV Charger များကို နေပြည်တော်ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေး၌ (60 KW Charging Station) တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်တွင် EV Charger 60 kw ငါးစုံ နှင့် 200 kw နှစ်စုံတို့သည် MITT ဆိပ်ကမ်းမှ ပထမအကြိမ်ရောက်ရှိထားခြင်းဖြစ်သည်။

ရန်ကုန်၊ နေပြည်တော်နှင့် အမြန်လမ်းတွင်ရှိသည့် စက်သုံးဆီဆိုင်များတွင် လျှပ်စစ်ကားများအတွက် အားသွင်းစက်များ တပ်ဆင်ရန်ညွှန်ကြားထားကြောင်း၊ ယင်းအပြင် ပြည်တွင်းသို့ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအချို့လည်း ရောက်ရှိနေပြီး ရန်ကုန်နှင့် နေပြည်တော်တို့တွင် အငှားယာဉ်တွေအဖြစ် စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် စက်သုံးဆီခွဲတမ်း မရရှိမှုအပေါ် လွှတ်တော်တွင် မေးမြန်း

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စက်သုံးဆီခွဲဝေဖြန့်ဖြူးရေး အစီအစဉ်များကို သိရှိလိုကြောင်း နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့များသည် စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသများဖြစ်ကြောင်း၊ ဒေသခံများ၏ တင်ပြချက်များအရ စက်သုံးဆီဈေးနှုန်းများမှာ အစိုးရရည်ညွှန်းဈေးထက်...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန် ယူကရိန်းကို လူကာရှန်ကို သတိပေး

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဘီယော့ဗ်နှင့် တွေ့ဆုံစဉ် လူကာရှန်ကိုက “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းပဲ” ဟု ပြောကြားခဲ့ပြီး ဘီလာရုစ်နိုင်ငံ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးကို အခြေခံထားကြောင်း အလေးပေးပြောဆိုခဲ့သည်။ ထို့ပြင် ဘီလာရုစ်သည် ယူကရိန်းနှင့် အထူးသဖြင့် နယ်စပ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုခြင်းမရှိကြောင်း၊ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှုများဖြင့်...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့် အသင်းဝင်လှေပိုင်ရှင်များက လှေစီးဝန်ဆောင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် အပန်းဖြေလှေစီးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လှေစီးခမှာ ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။ ဧရာဝတီမြစ်နှင့် ဆက်စပ်နေသည့် တောင်သမန်အင်းသည် မိုးရာသီအစ ဇွန်လလယ်ခန့်မှစ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071